25 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အနီးတွင် မိုင်းဖော်ယူသွားသည့် စစ်သားများ မိုင်းခွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ ကျောက်မြောင်းမြို့နယ်ရှိ စစ်အရာရှိ ၁ ဦးနှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အနီးတွင် မိုင်းဖော်ယူသွားသည့် စစ်သားများ မိုင်းခွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ ကျောက်မြောင်းမြို့နယ်ရှိ စစ်အရာရှိ ၁ ဦးနှင့် ပျူစောထီး ခေါင်းဆောင် နေအိမ်များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ်လ ၂၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်စက်ရုံ – ကပစ ၂၂ အနီးတွင် မိုင်းဖော်ယူသွားသည့် အကြမ်းဖက် စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ – ပေါက်လမ်းမပေါ် တပေါင်းရွာနှင့် ကပစ ၂၂ ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လုံခြုံရေးယူနေသည့် နေရာ အနီး၌ မိုင်းကို လျှိုဝှက်ထိန်းသိမ်းထားခဲ့ပြီး လာရောက်သယ်ယူသွားသည့် စစ်သားများကို အဝေး ထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပကစ ၂၂ မှ စစ်သား ၃ ဦး၊ တပါင်းရွာ၌ အထိုင်ချထားသည့် စစ်သား ၂ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ကပစ ၂၂ ကနေဆိုရင် ၅ ဖာလုံလောက်ပဲကွာမယ်၊ ကပစ ၂၂ က စစ်ခွေးတွေ အထိုင်ချထားတာ၊ သူတို့က မိုင်းကို ပွေ့ယူသွားတာ၊ ပွေ့ယူသွားတဲ့အချိန် ခွဲလိုက်တာ၊ အဝေးထိန်းမိုင်းဆိုတော့ လွယ် တာပေါ့၊ တကောင်ကတော့ တစ်စစီဖြစ်သွားတာ၊ အသားစတွေဆိုရင် ကော်ပြားနဲ့ပါ ကျုံးယူသွား တာတွေ့ရတယ်၊ ၃ ကောင်ကတော့ သေရုံပဲ၊ ကျန်တဲ့တစ်ကောင်ကတော့ မျက်နှာတစ်ခြမ်းနဲ့ လက် တွေပါ စုတ်ပြတ်သတ်သွားတာ” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ် ၊ ဟင်္သာကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ခင်မောင်ဆွေ နှင့် ခမရ ၁၂ မှ ဟင်္သာကြီးရွာတွင် တပ်စွဲနေသည့် ဗိုလ်လေး ဝင်းထွန်း နေအိမ်တို့ကို တော်လှန်ရေးအဖွဲ့များက ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Brave Brothers အဖွဲ့ထံမှ သိရှိရသည်။

မတ်လ ၂၅ ရက်နေ့တွင် ပျူစောထီးခေါင်းဆောင် ခင်မောင်ဆွေနှင့် ဗိုလ်လေး ဝင်းထွန်း တို့၏ အိမ်များကို ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းဆဲဖြစ်ကြောင်း Brave Brothers ပြန်ကြားရေး တာဝန်ခံ ဗိုလ်နတ်ဇိုး က ပြောကြားသည်။

“စုစုပေါင်း ၄ လုံး ကျဲချခဲ့တာပါ။ ရန်သူသေဆုံးမှု စုံစမ်းနေဆဲပါ။ နေ့စဉ်ပြည်သူတွေကို ဟင်္သာကြီးကျေးရွာ ပျူစောထီးနဲ့ ကျောက်မြောင်း ခမရ ၁၂က စကစတွေက နေ့ရော ညရော ဒုံးသီးနဲ့ ဗုံးကျဲနေတာ”ဟု Brave Brothers ပြန်ကြားရေး တာဝန်ခံ ဗိုလ်နတ်ဇိုး က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ရွှေဘိုမြို့နယ် အရှေ့ခြမ်း ကုလားမကျေးရွာ၊ လက်ကောက်ကျကျေးရွာ၊အနောက်ဘက် ဘိုးနတ်တောင်နှင့်ဟတောင်လှ ဘုရားပေါ်တွင် တပ်စွဲထားသော ကျောက်မြောင်း ခမရ ၁၂ မှ အကြမ်းဖက်စစ်သားများနှင့် ဟင်္သာကြီးကျေးရွာ ပျူစောထီးများသည် နေ့စဉ်ပြည်သူများကို ၆၀ မမ ဗုံးသီးများ ချိတ်ကာ ဒုံးများဖြင့် ကျဲချရောက်နေ၍ တော်လှန်ရေးအဖွဲ့များက ပြန်လည် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Brothers (ပကဖ) နှင့် အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ(၄)နတ်တောင်နဂါး၊ဝက်လက်မြို့နယ် နယ်စည်းမခြား ဗိုလ်ပျံလွှား တော်လှန်ရေး တပ်ဖွဲ့များက ဝေဟင်မှ ၆၀ဟမမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Brave Brothers ပြန်ကြားရေး တာဝန်ခံ ဗိုလ်နတ်ဇိုး က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article