26 C
Yangon

စစ်ပွဲဇုန်အတွင်း ဆီဆိုင်မြို့ က ကျရောက်နေပြီး တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ မြို့တွင်း လုံးဝမဝင်ရောက်ကြရန် PNAL သတိပေး

Must read

ရန်ကုန်| မတ် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပအိုဝ်းတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဆီဆိုင်မြို့ကလည်း စစ်ဇုန်အတွင်းကျရောက်ကာ တိုက်ပွဲပြင်းထန်နေလို့ အရပ်သားတွေ မြို့တွင်း လုံးဝမဝင်ရောက်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆီဆိုင်မြို့နဲ့ ပါတ်ဝန်းကျင်မှာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့တွင်းကို တင့်ကားတွေအသုံးပြုပြီး ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့လည်း အဆမတန် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ PNLAက ဆိုပါတယ်။

အခုလိုအခြေအနေမှာ အရပ်သား ပြည်သူတချို့ ဆီဆိုင်မြို့တွင်းကို ဝင်ရောက်ဖို့ ကြိုးစားနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးတာတွေလုပ်ဆောင်လို့ သေဆုံးတာတွေရှိသလို အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေသူတွေ ရှိလာတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေအနေနဲ့ ဆီဆိုင်းမြို့အတွင်း အရဲစွန့်ဝင်ရောက်တာတွေကို လုံးဝမပြုလုပ်သင့်ဘူးလို့ ပအိုဝ်းတပ်က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ပအိုဝ်းတပ် PNLAရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး ဆီ ဆိုင် မြို့နဲ့ပက်သက်လို့ တစုံတရာ သတင်းထုတ်ပြန်ချက် မထွက်လာမချင်း မြို့တွင်း မဝင်ရောက်ကြဖို့ PNLAက တိုက် တွန်းထားပါတယ်။

ဓာတ်ပုံ- PNLA တပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article