25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အတင်း အဓမ္မ လူစုဆောင်းနေသော စစ်တပ် လက်အောက်ခံ အားလုံးကို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဟု စစ်ကိုင်း ပကဖက ကြေညာ

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အတင်း အဓမ္မ လူစုဆောင်းနေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ အားလုံးကို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးနောက် စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်/ကျေးရွာ များအတွင်း လူစာရင်းလိုက်လံ ကောက်ယူခြင်း၊ စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာ ပေးပို့ခြင်းများပြုလုပ်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် စစ်အင်အား လျော့နည်းနေသာ ဖက်ဆစ် စစ်တပ်တွင် အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်း လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစေရန် အကောင် အထည်ဖော် ဆောင်ရွက်မည့် မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ် မဆို ဆောင်ရွက်သူ မှန်သမျှကို စစ်ကိုင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

” ပြည်သူတွေ တိုင်ကြားထားတာရှိပါတယ်။ မြို့ပေါ်ရပ်ကွက် အချို့ စတင်ပြီး စာရင်းကောက်နေပါတယ်။ ပြည်သူလူထု စိုးရိမ်ထိတ်လန့်အောင် စစ်မှုထမ်းဖို့ လိုက်ပါဆောင်ရွက်သူမှန်သမျှ ကို ပြတ်ပြတ်သားသား အရေးယူသွားမှာပါ။ အုပ်ကြီး၊ မီးသတ်၊ ထွေအုပ်၊သတင်းပေး၊ ပျူစောထီး အကုန်လုံးပါ” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၌ စစ်မှုထမ်းရန် ဖိအားပေး စေခိုင်းခံရပါက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အကူအညီများတောင်းခံနိုင်ပြီး စစ်မှုထမ်းစေရန် ကိုယ်တိုင်ကိုယ်ကြလိုက်ပါ ဆောင်ရွက် နေကြ သော စစ်ကောင်စီ ကျွန်သဘောက် များ၏ ကိုယ်ရေးအချက်အလက်များအား နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံပေးပို့နိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပကဖ မှ တာဝန်ရှိက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရန် အတင်း အဓမ္မ လူစုဆောင်း #စစ်ကိုင်း ပကဖ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article