32 C
Yangon

နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတစ်ခုလုံးကို ပြည်သူနှင့် TNLA ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြား

Must read

ရန်ကုန်၊ မတ် ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ အပါအဝင် တအာင်းဒေသတစ်ခုလုံးကို ပြည်သူနှင့် TNLA ပူးပေါင်းကာကွယ်စောင့်ရှောက်ရမည်ဟု PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်းက ပြောကြားလိုက်သည်။

မတ်လ ၂၆ ရက်နေ့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ခေါင်းဆောင်များက နမ့်ဆန်မြို့နယ်ရှိ ဒေသခံများနှင့် လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ထိုတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “အသက်သွေးချွေးစွန့်ကာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် နမ့်ဆန်မြို့အပြင် တအာင်းလူမျိုးများ၏ ဒေသတစ်ခုလုံးကို တအာင်းတပ်မတော်နဲ့ ထိုဒေသအတွင်းနေထိုင်ကြတဲ့ပြည်သူလူထုများ စုပေါင်းကာ အတူတကွကာကွယ်စောင့်ရှောက်ရမည်”ဟု ပြောကြားသည်။

ထိုအပြင် PSLF/TNLA အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်နှင့် PSLF/TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်တို့ကလည်း “နမ့်ဆန်မြို့အပြင် မိမိတို့တအာင်းဒေသအတွင်း လက်ဖက်လုပ်ငန်းပိုမိုအဆင့်မြှင်တင်သွားရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍများအား အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံသွားမည်ဖြစ်ကြောင်း၊ မဟာလူမျိုးကြီးဝါဒကျင့်သုံးကာ မိမိတို့လူမျိုးအပေါ် နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးကို ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတိုစည်းစည်းလုံးလုံးနေထိုင်သွားကြရန် ပြောဆိုကြသည်။

ထိုလူထုတွေ့ဆုံပွဲသို့ PSLF/TNLA ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်နှင့် နမ့်ဆန်မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃စုမှ ပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article