33 C
Yangon

ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းရှိ စစ်တပ်၏ ငါ့ဂရာန် စစ်စခန်း KIA က ယနေ့ ညနေပိုင်းတွင် ထပ်မံ သိမ်းပိုက်

Must read

ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းရှိ စစ်တပ်၏ ငါ့ဂရာန် စစ်စခန်း KIA က ယနေ့ ညနေပိုင်းတွင် ထပ်မံ သိမ်းပိုက်

ရန်ကုန်၊ မတ် ၂၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငါ့ဂရာန် စစ်စခန်း KIA က ယနေ့ ညနေပိုင်းတွင် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငါ့ဂရာန် စစ်စခန်းကို KIA က ထပ်မံသိမ်းပိုက်ရရှိခဲ့ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် KIA က ဗန်းမော်-လွယ်ဂျယ် လမ်းပိုင်းရှိ စိန်လုံ စစ်စခန်းကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကလည်း လွယ်ဂျယ်မြို့အထက် စေတီကုန်း စစ်တပ်စခန်း၊ မိုးမောက် အထက်ပိုင်းရှိ လော့ဒန် စစ်တပ်စခန်းနှင့် ယောယုံ ဗျူဟာကုန်း စခန်းတို့ကိုလည်း KIA က သိမ်းပိုက်ခဲ့ပြီး ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

“ငါ့ဂရာန် စခန်းကို ညနေ ၆ နာရီ ၄၅ မိနစ်က ထပ်မံ သိမ်းပိုက်လိုက်ပြီ စိန်လုံ အောက်က စခန်းပါ။ ဒီနေ့ရတာ အားလုံး စခန်း ၄ ခု စိန်လုံ စခန်းဘဲ ကျန်တယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Photo – ယနေ့ နံနက်ပိုင်းတွင် KIA သိမ်းပိုက်ရရှိခဲ့သည့် ယောကုံဗျူဟာကုန်း စခန်းမှ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article