32 C
Yangon

သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် လမ်းကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

Must read

သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် လမ်းကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

ရန်ကုန်၊ မတ် ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (သပိတ်ကျင်းတိုက်နယ် ပကဖ) ထံမှ သိရသည်။

မတ်လ ၂၅ ရက်နေ့တွင် မတ္တရာဘက် မှ တကောင်းဘက်ကို စစ်ကူပို့ရန်အတွက် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ စီးကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရန် သပိတ်ကျင်းမြို့နယ် ကျောက်ဖြူ‌ကျေးရွာအနီးရှိ ကတ္တရာလမ်းနှင့် မီတာ ၇၀ ခန့်အကွာတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ အသင့် စောင့်ဆိုင်း‌ခဲ့ကြောင်း သိရသည်။

ထို့သို့ တော်လှန်ရေးတပ်ဖွဲ့များ အသင့်စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကား ၄ စီး ရောက်ရှိလာပြီး စစ်ကြောင်း ၁ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကားများ ဘီးပေါက်သွားပြီး ထိုးရပ်သွားစဉ် စစ်ကြောင်း ၂ မှ ထပ်မံ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့် အပြင်းအထန် ထိတွေ့ တိုက်ခိုက်ပွဲဖြစ်ပွားပြီး ကားပေါ်တွက် လိုက်ပါလာသည့် ပျူစောထီးများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မန်းစိန်ဆိုက်ထဲရှိ ပျူစောထီးများသည် စစ်ကူ‌ပေးရန်အတွက် ဆိုက်ထဲမှ ထွက်လာပြီး တိုက်ပွဲဖြစ်ရာ နေရာကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကေင်စီ တပ်သား ၇ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိကာ ကား ၂ စီး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသော ရာအိမ်မှူး ၃ ဦးကိုလည်း စစ်တပ် အထိုင်ချရာ ချောင်းကြီးရွာလယ်‌အထိ သွားရာက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းခစစ်‌ကြောင်းနှင့် ဗိုလ်လင်းယုန်တပ်ဖွဲ့ (သပိတ်ကျင်းတိုက်နယ် ပကဖ) တို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကို မီးရှို့ပြီး ထွက်ခွာလာသော စစ်ယာဉ်တန်းနှင့် လမ်းကင်းစစ် သားများ ကို ပေပါမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းမြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ကို မီးရှို့ပြီး ချင်းပြည် နယ်သို့ထွက်ခွာရန် ညောင်ဂျစ်ပင်ပျူစောထီးစခန်းမှ ဂျိုးပျံဘက်သို့ ထွက်လာသော စစ်ကားကို ကမ္မ မြို့ ရန်ကင်း နှင့် ဂျိုးပျံအကြားအရောက် ပေပါမိုင်းဆွဲခဲ့ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကမ္မမြို့ ရန်ကင်းနှင့်ဂျိုးပျံကြား၌ နေရာယူထားသော လမ်း ကင်းစစ်သားများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထောင်ထားသည့် ပေပါမိုင်းပွိင့်ဘေးသို့ လာရပ် နေသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF Kamma(ကမ္မတပ်ပေါင်းစု)၊ ဧရာအနောက်ပြောက်ကျားအဖွဲ့ (ကမ္မတပ် ပေါင်းစု) ၊ King Fighterအဖွဲ့နှင့် မြိုင်ပကဖ အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်ယာဉ် ၂ စီးကို ကန် တော်ကျေးရွာအနီး အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းထံမှ သိရသည်။

ယနေ့ မတ်လ ၂၈ ရက် ညနေ ၅ နာရီခန့်က ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၂ စီးကို ကန်တော်ကျေးရွာအနီး အရောက် ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး ဆွဲမိုင်း ၈ လုံး တစ်ပွိုင့်၊ ၆ လုံးတစ်ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကား ၁ စီးပျက်စီးပြီး ယာဉ်ပေါ်ပါ စစ်သားများလည်း ထိခိုက်သေဆုံး မှု များပြားနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article