30 C
Yangon

သံဖြူဇရပ်မြို့အဝင် စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

Must read

သံဖြူဇရပ်မြို့အဝင် စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အဝင်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံဖြူဇရပ်မြို့အဝင် သ‌‌က္ကော့လမ်း၀ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“လက်နက်တွေ သိမ်းဆည်း ရမိတာတော့ မရှိပါဘူး။ ချုံခို တိုက်ခိုက်ခဲ့တာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း (KNLA+PDF) ပူးပေါင်းတပ်ဖွဲ့၊ တောင်ညို ခွဲ ၁/ခွဲ ၃ နှင့် MNLA (ခွဲထွက်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article