28 C
Yangon

ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု လေတပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံး

Must read

ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု လေတပ်မှ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့အဝင်တွင် နေပြည်တော် စစ်ရေးပြ အခမ်းအနားမှ ပြန်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ လေတပ်မှ ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းမင်းသားညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ ရက် ည ၉ နာရီ ၃၂ မိနစ်တွင် နေပြည်တော်၌ ကျင်းပသော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှ တောင်ငူအခြေစိုက် ခလရ ၂၆ တပ်ရင်းကို ရန်ကုန်-မန္တလေး လမ်းဟောင်း အတိုင်း ပြန်လာသည့် စစ်ကား ၃ စီးကို ရေတာရှည်မြို့မြောက်ဘက် မြို့အဝင် ဘာဝတီ (လယ်/ယာ) ရုံးခွဲအနီး အရောက်တွင် မိုင်းဆွဲတိုက်ခဲ့ရာ တိုက်လေယာဉ်မောင်း ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ကား ၁ စီး ပျက်စီးပြီး ကားပေါ်ပါ ဒုဗိုလ်မှူးကြီး ၁ ဦးနှင့် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ညတွင်းချင်း နေပြည်တော်သကို သယ်ဆောင်သွားကြောင်း သိရသည်။

“သတင်းရလို့ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဒုဗိုလ်မှူးကြီး အပါအဝင် ၅ ဦးသေတာ အဲဒါကြောင့် စစ်ခွေးတွေ အများကြီး ကင်းချပြီးတော့ နေပြည်တော်ကို ညတွင်းချင်း အလောင်းတွေသယ်သွားတာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ဒီမနက်ပဲ ဘေးကင်းကင်းနဲ့နေရာတကျ ပြန်ရောက်ပြီဗျ” ဟု ဒေါင်းမင်း သား ညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သံတောင်မြောက်ပိုင်း အထူးဒေသ၊ သံတောင်မြောက်ပိုင်း အထူးဒေသ UG တပ်ခွဲ ၄ ဒေါင်းမင်းသား ညီနောင်စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ ယာဉ်များအနီး ကပ်လိုက်ခြင်း၊ ယှဉ်တွဲလိုက်ပါခြင်း မပြုလုပ်ကြရန် သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article