25 C
Yangon

ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာမှ ပျူစောထီး စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပျူစောထီး ၄ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်နှင့်ပျူစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဂန့်ဂေါ၊ မြောက်ခင်ရန်းရွာမှ ပျူစောထီး စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပျူစောထီး ၄ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်နှင့်ပျူစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၃၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ပျုစောထီးစစ်ကြောင်းကို လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာများ ဖြစ်သည့် လေးရွာ၊ မြောက်ခင်ရန်းတို့မှ ပျူစောထီး ပူးပေါင်း အင်အား ၈၀ ကျော်ခန့်သည် အနီးအနား ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်ပြည်သူများရှိသို့ စစ်ကြောင်းထိုးလာခဲ့ပြီး တောတိုက်တနေရာ ရှိ တောရကျောင်းကို အကာအကွယ်ယူကာ စခန်းချရပ်စဉ် တောလှန်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးများနေထိုင်ရာ ကျရောက်ပေါက်ကွဲပြီး ပျူစောထီး ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂၇ ရက်နေ့က ပျူ(၈၀)လောက်နဲ့ အနီးနားကရွာတွေ စစ်ကြောင်းထိုးလာတာကို နားနေတဲ့ အချိန် လက်နက်ကြီးတွေနဲ့ပစ်ခဲ့တာ၊ ပျူ ၄ ယောက်တော့ အ နည်း ဆုံးသေတယ်၊ဒဏ်ရာရတာတွေလည်းရှိတယ်၊သူတို့လက်နက် ပျက်စီးတာတွေလည်း ရှိတယ်”ဟု YPDF ဥက္ကဌ ရဲဘော် ယောလေး က ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးများ ပြန်လည် ဆုတ်ခွာသွားခဲ့သဖြင့် ယင်းနေရာအား နယ်မြေရှင်းလင်းစဉ် သစ်သားဖြင့် ပြုလုပ်ထားသော သေနတ်ဒင် အချို့နှင့် သွေးစအချို့တွေ့ရှိခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သော မတ်လ ၂၅ ရက်နေ့ကလည်း အင်အား ၄၀ ပါ ပျူစောထီ စစ် ကြောင်းမှ စစ်ဘေးရှောင် စခန်းများကို စစ်ကြောင်းထိုးခဲ့ပြီး လူနေတဲ ၇ လုံးကို မီးရှို့ဖျက်ဆီးကာ အသုံးအဆောင်နှင့် ရိက္ခာ များကို ခိုးယူသွားခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာပျူစောထီးစခန်းနှင့် ဘုရားတောင်ပေါ် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၆ ရက် ည ၈ နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင်ရှိသော အကြမ်း ဖက် စစ်သား၊ ပျူစောထီးတို့ နေထိုင်ရာ စီမံကိန်းဟောင်းကို တစ်ကြိမ်၊ မတ်လ ၂၉ ရက် ည ၇ နာရီ ၁၈ မိနစ်တွင် အကြမ်းဖက်စစ်သားများ ခိုလှုံရာ ဘုရားတောင်ပေါ်သို့သို့ တစ်ကြိ်မ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တစ်ကြိမ်ကို ၂ လုံးချခဲ့တယ်၊ ပစ်မှတ်ကိုတော့ ထိမှန်ပေါက်ကွဲခဲ့ပါတယ်၊ ရန်သူ ထိခိုက်မှုကိုတော့ အတည်ပြုလို့ မရသေးပါဘူးခင်ဗျား၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပါ တယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နွေဦးပြောက်ကျား Drone တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် သားများက ရမ်းသမ်းပစ်ခတ်မှုများ အချိန်မရွေးလုပ်ဆောင်လာနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article