29.6 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေ ရဲစခန်းတွင် သောက်စားမူးရူးနေသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေ ရဲစခန်းတွင် သောက်စားမူးရူးနေသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေ ရဲစခန်းတွင် သောက်စားမူးရူးနေသော အကြမ်းဖက် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဖက်ဆစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ အဖြစ် မောင်းမကန် ရဲစခန်းအတွင်း သောက်စား မူးယစ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လောင်းလုံး (ပကဖ) ရွှေသောင်ယံတပ်စုက ၄၀ မမ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဗုံးသီး ၂ လုံးသည် ရဲစခန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးကုသခွင့် မပေးဘဲ စခန်းအတွင်း လျှို့ဝှက်ဖုံးကွယ်ထားသည့်အတွက် ၎င်းဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော စစ်ကောင်စီ တပ်သား အလောင်း ၃ လောင်းကို ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်တွင် တာလပတ်များဖြင့်အုပ်၍ လာရောက် သယ်ဆောင်သွားကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article