26 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်း

Must read

ရန်ကုန်၊ ဧပြီ ၁

မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ဆေးရုံနှင့် မန္တလေးဂိတ်ကို PDF တပ်ဖွဲ့က တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး လဝကရုံးနှင့် ဆေးရုံ အတွင်းရှိ စစ်သားများ နေထိုင်ရာ အဆောက်အအုံအချို့ကို မီးရှို့ ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြိုင်မြို့ပေါ်ရှိ မန္တလေး အထွက် အရှေ့ဘက်ဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ မြိုင်မြို့ဆေးရုံထဲ အထိ ဝင်ရောက်ပစ်ခတ်ချိန်တွင် သေနတ်ကျည်မထွက်သဖြင့် စစ်သားများက ပြန်လည် ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ ဆေးရုံဝန်းအတွင်းရှိ အဆောက်အအုံ နှင့် လဝကရုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး အကြမ်းဖက် စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာလာပြီးနောက် နမခ တပ်တွင်းမှ လေယာဉ် ပစ်ကူရောက်ရှိလာကာ မြိုင်မြို့အရှေ့ဘက် တဝိုက်ကို လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပ.က.ဖ အဖွဲ့၊ ကိုဘာဂျာအဖွဲ့ M.V.P Revolution Force နှင့် မဟာ မိတ်အဖွဲ့များပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article