26 C
Yangon

ဖျာပုံ အကျဉ်းထောင်တွင် ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် စစ်ကားများ ဝင်ရောက်သွား၊ ပစ်ခတ်ဖြိုခွင်းမှု အတွင်း နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁

ဧရာဝတီတိုင်း၊ ဖျာပုံ အကျဉ်းထောင်တွင် ပစ်ခတ်သံ ထွက်ပေါ်ပြီးနောက် အကျဉ်းထောင်ထဲကို စစ်ကားများ ဝင်ရောက်သွားကာ ပစ်ခတ်ဖြိုခွင်းမှု အတွင်း နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ဖျာပုံ အကျဉ်းထောင်အတွင်း ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် အကျဉ်းထောင် အတွင်း စစ်ကားများ ဝင်ရောက်သွားကြောင်း၊ ပစ်ခတ်ဖြိုခွင်းမှုအတွင်း နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အခြား အကျဉ်းသား စုစုပေါင်း ၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကျဉ်းသား၊ အကျဉ်းသူများ အတွက် ပါဆယ်များ လက်ခံခြင်း မရှိကြောင်း၊ စစ်သားများ၊ ရဲများ ဖျာပုံအကျဉ်းထောင်တွင်း လက်ရှိအချိန်ထိ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို ခေါ်ယူ စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ထံမှ သိရှိရသည်။

“လက်ရှိ ဖျာပုံ အကျဉ်းထောင်ထဲ အခြေအနေက လုံးဝကိုမှ သတင်း အမှောင်ချခံထားရတယ်ပေါ့။ အဲတော့ အကျဉ်းသား အကျဉ်းသား အပါအဝင် နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ အားလုံးရဲ့ အသက် အန္တရာယ်တွေက ခြိမ်းခြောက်ခံထားရတဲ့ အနေအထားမှာရှိနေတယ်။ လက်ရှိ ၁၇ ဦးလုံးကလည်း သေချာပေါက် ထောင်ဆေးရုံမှာ သူတို့ ဒဏ်ရာတွေကို ဆေးထည့်ရမယ်။ ပြီးတော့ ဆေးဝါးကုသမှု ခံယူရမယ့် အခြေအနေမှာလည်း ရှိနေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) ၏ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဖျာပုံ အကျဉ်းထောင်တွင် ပစ်ခတ်သံ ထွက်ပေါ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article