25 C
Yangon

စစ်မှုထမ်း ဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများနှင့် ငွေကြေးတောင်းခံ ခြိမ်း ခြောက် မှုများ အလွန်များပြားလာပြီး လူငယ်များစွာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၂

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီါ်မှုများနှင့် ငွေကြေးတောင်းခံ ခြိမ်းခြောက်မှုများ အလွန်များပြားလာပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များမှာလည်း ထွက်ပြေးတိမ်းရှောင်ရမှု အခြေအနေ ဆိုးဝါးလာနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့ ညပိုင်း လူငယ် ၁၈ ဦးကို စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက အိမ်ပေါ်အထိ တက်ရောက်ဖမ်းဆီးကြောင်း၊ အဓိကအားဖြင့် စစ်သားစုဆောင်းရန် လူမရှိ၍ နေအိမ်များအပေါ်အထိ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ လေရှီးမြို့နယ်အတွင်းမှ လူငယ်များမှာလည်း စစ်တပ်ထဲ အသွင်းခံရမည်စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

” ၁၈ယောက်တော့ ထွေ/အုပ်မှာခေါ်ထားပြီးတော့ စစ်ထဲအသွင်းခံရတယ်။ စစ်ကောင်စီတပ်၊ ရဲ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူ၊ ရပ်ကျေးစာရေးတွေက လမ်းသွားလမ်းလာတွေနဲ့ အိမ်ထဲအထိ ဝင်ဆွဲတာ။ လမ်းသွားလမ်းလာမှာတွေ့သူ တစ်ခါတည်းခေါ်တယ်။ အိမ်ထဲလဲဝင်ဆွဲတယ်။ အခုမြို့ဒေသခံတချို့ရှောင်တိမ်းနေရတယ်။ ပါသွားသူတွေကို စစ်ထဲလိုက်ရမယ့် အခြေအနေပဲ” ဟု လေရှီးမြို့နယ်မှ ဒေသပြည်သူတူစ်ဦးက ဆိုသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ် အစဲကလေးကျေးရွာတွင် အုပ်ချုပ်ရေးမှူး နောင်ဝင်းလှိုင်နှင့်ရာအိမ်မှူးများက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁သိန်းပေးရမည်ဖြစ်ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ငွေကျပ် သိန်း ၁၂၀ ကျေးရွာအတွင်းမှ တောင်းခံသွားကြောင်း၊ စစ်သားဝယ်ရမည်ဟုပြောဆိုကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းမြို့နယ်၊ သောတပန်အုပ်စု အပါအဝင် ရပ်ကွက်အုပ်စု ၆ ခုရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းရွှေနှင့် စစ်သားများက ထွဋ်ခေါင်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို ယခုရက်ပိုင်းအတွင်း အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်တပ်ထဲတွင် စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပင်မြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကြည်အောင် နှင့် ကျပ်တွင်းကျေးရွာ၊ ရွာခွဲအုပ်ချုပ်ရေးမှူး ကျော်အောင်တို့က စစ်မှုမထမ်းရသော နေအိမ်များမှ လစဉ် ငွေကျပ် ငါးသောင်း ကျပ် လတိုင်းကောက်ခံနေကြောင်း၊ ငွေမပေးသူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးမည်ဖြစ်ပြီး ငွေမပေးလိုလျှင် စစ်မှုထမ်းရမည်ဟု ကျေးရွာကို အကျပ်ကိုင်ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီက အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲသွင်းနေသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ငွေကြေးတောင်းခံ ခြိမ်းခြောက်မှုများ #လူငယ်များစွာ ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီက အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲသွင်းနေသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article