25 C
Yangon

ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁ ရက် နံနက် ၇ နာရီခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ အထိုင်ချထားပြီး ရွာလယ်လမ်းမပေါ်တွင် ဂိတ်ဖွင့် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းလေ ယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ Federal Wings ဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ည ၇ နာရီခန့်တွင် ဒရုန်းဖြင့် လေယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ Federal Wings ဖြင့် ဗုံးသီး ၃ လုံး ထပ် မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိတယ်ဗျ၊ အသေးစိတ်သိရဖို့တော့ စုံစမ်းနေတုန်းပဲ၊ စစ်ခွေးတွေဘက်က ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိ ခဲ့ပါဘူး” ဟု Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ုကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Tiger Brother LPDF – ကျားညီနောင်Ngwe Dwin Revolution Forces၊ တွေမရှောင်၊ BUFFALO SOLDIERS၊ X Force LPDF(Shwebo) နှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Tiger Brother LPDF – ကျားညီနောင် တပ်ဖွဲ့နှင့်မဟာမိတ်ညီနောင်များအနေဖြင့် ပြည်သူလူထုအား ဖိနှိပ်အနိုင်ကျင့်နေသော အကြမ်းဖက်စစ်အာဏာရှင်နှင့် ယန္တရားလည်စေရေး ကူညီပေးနေသူများကို အမြစ်ပြတ်သည်အထိ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဝိုင်း ဝန်း ပူးပေါင်းစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။ (ပုံ အဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။ (ပုံ အဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article