34 C
Yangon

KIA က သိမ်းပိုက်လိုက်သော စိန်လုံတောင်ဗျူဟာစစ်စခန်းမှ အမြောက်များ အပါအဝင် ရရှိသော လက်နက်ခဲယမ်းများ အလွန်များပြား၍ ကားကြီးများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရ ၊ ဗျူဟာစခန်းဖြစ်၍ ရဟတ်ယာဉ်ကွင်းပါရှိ

Must read

လွယ်ဂျယ်မြို့ရဲစခန်းတွင် ရဲနှင့်စစ်သားများမရှိတော့ဘဲ တိမ်းရှောင်သွား

ရန်ကုန်၊ ဧပြီ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာစစ်စခန်းကို KIA က ယမန်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ အလွန်များပြားစွာ ရရှိထား၍ ကားကြီးများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဆက်တိုက်ဆိုသလို စခန်းများကို သိမ်းပိုက်ခဲ့ရာ ယမန်နေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စိန်လုံဗျူဟာစစ်စခန်းကြီးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒီစိန်လုံတောင်ဗျူဟာစခန်းမှာက ရဟတ်ယာဉ်ကွင်းပါရှိတယ်။ လက်နက်ခဲယမ်းတွေကတော့ အရမ်းများတယ်။ လက်နက်ကြီးကျည် အလုံးကြီးတွေ၊ အမြောက်တွေလည်း အတော်များတယ်။ မနေ့ကစပြီး သယ်နေတာ ဒီနေ့အထိ နယ်မြေရှင်းလင်းရင်း လက်နက်ခဲယမ်းတွေက သယ်ထုတ်မကုန်ဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် ထိန်းချုပ်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် လွယ်ဂျယ်မြို့အနီးသို့ KIA တပ်များက ၀ိုင်းရန်ံ ချည်းကပ်ထားပြီး လွယ်ဂျယ်ရဲစခန်းအတွင်းသို့လည်း ဝင်ရောက်ခဲ့ကြောင်း၊ လွယ်ဂျယ်ရဲစခန်းအတွင်းတွင် စစ်သားနှင့်ရဲများ လုံး၀ မရှိတော့ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့မှစတင်သော KIA ၏ စစ်ဆင်ရေးသည် ယနေ့အချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၆၁ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စိန်လုံတောင်ဗျူဟာစစ်စခန်း #လက်နက်ခဲယမ်းများ အလွန်များပြား #ဗျူဟာစခန်းဖြစ်၍ ရဟတ်ယာဉ်ကွင်းပါရှိ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article