30 C
Yangon

ပဲနွယ်ကုန်းမြို့စျေးရုံ မီးလောင်ကျွမ်းမှု ၂ နာရီကျော်ကြာမြင့်နေပြီး စျေးဆိုင်ခန်းများအားလုံးအပြင် လူနေအိမ်များ ပါ မီးကူးစက်လောင်ကျွမ်းနေ

Must read

ပဲနွယ်ကုန်းမြို့စျေးရုံ မီးလောင်ကျွမ်းမှု ၂ နာရီကျော်ကြာမြင့်နေပြီး စျေးဆိုင်ခန်းများအားလုံးအပြင် လူနေအိမ်များ ပါ မီးကူးစက်လောင်ကျွမ်းနေ

ရန်ကုန်၊ ဧပြီ ၂

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့တွင်ယနေ့ ညနေ ၇ နာရီဝန်းကျင်မှစတင်ပြီး စည်ပင်သာယာစျေး မီးလောင်ကျွမ်းရာ စျေးဆိုင်ခန်းများအပြင် လူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်းနေကြောင်း မြို့မှ ပြည်သူများ ပြောဆိုသည်။

“ညနေ ၆ နာရီ ၅၀ လောက်ကတည်းက လောင်တာ။ မီးလောင်တာတော့ ဝါယာရှော့ခ်လို့တော့ ပြောတာပဲ။ ည ၉ နာရီကျော်မှ မီးညွန့်ကျိုးတယ်။ မီးမငြိမ်း သေးဘူး။ လောင်ကျွမ်းချိန် ၃ နာရီကျော်လောက်ကြာနေပြီတယ်။ လူနေအိမ်တွေပါကူးကုန်တာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် မီးကို ငြိမ်းသတ်လျက်ရှိသော်လည်း လုံး၀ မီးမငြိမ်းသေးကြောင်း၊ မီးညွန့်ကျိုးသွားသော်လည်း ဆက်လက် ငြိမ်းသတ်နေဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် မီးခိုးမွှန်မှုများရှိကြောင်း၊ စည်ပင်သာယာစျေး ဆိုင်ခန်းများအားလုံးနီးပါး မီးလောင်ပြာကျနိုင်သည့်အနေအထား ဖြစ်ပြီး အပျက်အစီး သေချာ မသိရှိရသေးဟု ဒေသပြည်သူများက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပဲနွယ်ကုန်းမြို့စျေးရုံ #မီးလောင်ကျွမ်း #စျေးဆိုင်ခန်းများအားလုံးအပြင် လူနေအိမ်များပါ မီးကူးစက်လောင်ကျွမ်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article