25 C
Yangon

မိုးမောက်မြို့နှင့် ၂ မိုင်အကွာ၊ ဗန်းမော်မြို့နှင့် ၇ မိုင်ကျော် အကွာရှိ စစ်ကောင်စီ၏ ကျောက်စခန်းနှင့် မဒါဘွမ် တပ်စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီတပ်စခန်း ၆၃ ခုကျော် ရရှိထားပြီ

Must read

ရန်ကုန်၊ ဧပြီ ၃

ကချင်ပြည်နယ်၊ မိုးမောက်မြို့နှင့် ၂ မိုင်အကွာ၊ ဗန်းမော်မြို့နှင့် ၇ မိုင်ကျော်အကွာရှိ စစ်ကောင်စီတပ်၏ ကျောက်စခန်းနှင့် မဒါဘွမ်စစ်စခန်းတို့ကို ယမန်နေ့ ညနေပိုင်းတွင် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ညနေပိုင်းတွင် မိုးမောက်မြို့နယ်အတွင်းရှိ ကျောက်စခန်း၊ မဒါဘွမ်စခန်းတို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်စခန်းများမှ စစ်သားများ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။

“အခုနောက်ပိုင်း တပ်စခန်းတွေကို တိုက်ခိုက်တိုင်း စစ်ကောင်စီတပ်သားတွေ ခဏတော့ ခံပစ်တယ်။ နောက်တော့ ပြေးကြတာများတယ်။ ကျောက်စခန်း (Hkawan Bang) ၊ မဒါဘွမ်(Mada Bum)ရော မနေ့ တစ်နေ့တည်းမှာ တိုက်ခိုက်သိမ်းပိုက်ရရှိတာပါ။ ကျောက်စခန်း နဲ့ မိုးမောက်မြို့က ၂မိုင် လောက် ပဲ ဝေးတော့တယ်။ မိုးမောက်နဲ့ ဗန်းမော်ကတော့ ၇ မိုင်ကျော်လောက်ပဲ ဝေးတော့တယ်။ မိုးမောက် အထွက် ( ဗန်းမော်ဘက်လမ်း) မှာ ခမရ ၄၃၇ ရှိသေးတယ်။ အဲဒီမှာ စစ်ခွေးတွေ စုနေကြတာ” ဟု KIA နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ​၏ ဗျူဟာမြောက် စိန်လုံဗျူဟာတပ်စခန်းကြီးကို ဧပြီလ ၁ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်များ ဗန်းမော်ဘက်နှင့် မိုးမောက်ဘက်သို့ အကြီးအကျယ် ဆုတ်ခွာနေကြကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ စခန်း စုစုပေါင်း ၆၃ ခုကျော်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး မတ်လ ၇ ရက်နေ့မှစတင်၍ KIA က ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ ကို တရားဝင် စတင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gam Shawng က ၂၀၂၁ ခုနှစ်တွင် ရှေ့တန်း စစ်မျက်နှာပြင်ကို လိုက်လံ စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကျောက်စခန်းနှင့် မဒါဘွမ်တပ်စခန်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gam Shawng က ၂၀၂၁ ခုနှစ်တွင် ရှေ့တန်း စစ်မျက်နှာပြင်ကို လိုက်လံ စစ်ဆေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article