25 C
Yangon

နတ်မောက်တွင် စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်း ပေးနေသော ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ ဇယ်တောက်နေစဉ် ပစ်ခတ် ခံရပြီး သေဆုံး

Must read

ပစ်ခတ်သည့် မစ်ရှင်တွင် အမျိုးသမီး တော်လှန်ရေးရဲဘော်တချို့ ပါဝင်

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်မှုထမ်းရန် လူစုဆောင်း ပေးနေသည့် ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ ဇယ်တောက်နေစဉ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ် မှ တာ၀န်ခံ ဒေါင်းသွေးနီ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်အတွင်းရှိ တက်ဝန်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ ဆိုသူ ဇယ်တောက်နေစဉ်အတွင်း တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် တိုင်းမြို့ သည် အကြမ်းဖက် စစ်တပ် အဏာသိမ်း ကာလအတွင်း စစ်သား၊ ရဲများနှင့် ပူးပေါင်းကာ ပြည်သူများ အပေါ် အတင်း အဓမ္ မအခွန်ကောက်ခံခြင်း၊ ရဟန်းသံဃာများကို ဆဲဆိုခြင်း၊ စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ လူငယ် ၂၈ ယောက်ကို သင်တန်းပေးခြင်း တို့ကြောင့် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ် မှ တာ၀န်ခံ ဒေါင်းသွေးနီ က ပြောဆိုသည်။

ပျူစောထီးခေါင်းဆောင် တိုင်းမြို့ကို ပစ်ခတ်သည့် မစ်ရှင်တွင် အမျိုးသမီး တော်လှန်ရေးရဲဘော်တချို့ပါ ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်)Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် Ye- nanthar Youth Force (ရေနံချောင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ မတရား ထုတ်ထားသည့် စစ်မှုထမ်း ဥပဒကို မလိုက်နာဘဲ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းစေလိုကြောင်း၊ မပူးပေါင်းပါက ပစ် ခတ် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး မဟာမိတ် ညီနောင်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စစ်ကောင်စီ ၏ ဒေါက်တိုင်မှန်သမျှ ဖက်ဆစ် အဏာရှင်စနစ် ကျဆုံးသည်အထိ တိုက် ခိုက်ချေမှုန်းသွားမည် ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ၊ စစ်ကောင်စီ တပ်သားများ အနီး အထူး သတိပြု သွားလာကြရန် ဒေါင်းစစ်သည် ပြောက်ကျားတပ် မှ တာ၀န်ခံ ဒေါင်းသွေးနီ က ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းဥပဒေ #ပျူစောထီး ခေါင်းဆောင် #စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article