25 C
Yangon

လှိုင်မြို့နယ်၊ အမှတ် ၃ တပ်ထိန်းတပ်ဖွဲ့ ၏ တပ်မှူး နေအိမ်နှင့် ရုံးကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အမှတ် ၃ တပ်မတော် တပ်ထိန်းတပ်ဖွဲ့၏ တပ်မှူးနေအိမ် နှင့်ရုံး ကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ၁၀၇ မမ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်အချိန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့်အုတ်ကျင်းကြားရှိ အမှတ် ၃ တပ်မတော် တပ်ထိန်း တပ်မှူးနေအိမ်နှင့်ရုံးပစ်မှတ်နှစ်ခုကို ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)က ၁၀၇ မမလက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်မှူးမိသားစုနှင့် ရုံး​စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့​ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တပ်ထိန်းတပ်သည် စစ်​ကောင်စီလူကြီးလမ်း​ကြောင်းများကို လုံခြုံ​ရေးလိုက်​ပေးရသူများဖြစ်ပြီး ယခုအခါ ၎င်းတို့ကိုယ်တိုင် မလုံခြုံ​တော့သည့် အ​နေအထား​ရောက်ရှိ ​စေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဓမ္မစစ်သားစု​ဆောင်းခံရသူ များ ထွက်မ​ပြေး​စေရန် အဓိက ​စောင့်ကြပ်ရသည့် တပ်ဖွဲ့ဖြစ်သည့်အတွက် ယခုကဲ့သို့ ပညာ​ပေးဆုံးမရခြင်းဖြစ်ကြောင်း သိရှိရသည်။

လှိုင်မြို့နယ်မှ ပြည်သူများကလည်း ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်ကျော်အချိန်တွင် အလွန်ပြင်းထန်သော ပေါက်ကွဲသံကြီးကြားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့ည ၁၀ နာရီ ၁၀ မိစ်ကျော်လောက်မှာ ဗုံးပေါက်တာနဲ့မတူဘူး။ အရမ်းကို ပြင်းထန်တဲ့ ပေါက်ကွဲသံကြီးကြားရတယ်။ အိမ်တွေတောင် တုန်သွားတယ်” ဟု လှိုင်မြို့နယ်၊ ပါရမီ စိန်ဂေဟာအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ရန်ကုန်တွင် စစ်ရေး ပစ်မှတ်များကို ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လှိုင်မြို့နယ် #တပ်မှူး နေအိမ်နှင့် ရုံးကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ရန်ကုန်တွင် စစ်ရေး ပစ်မှတ်များကို ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article