35 C
Yangon

ထိုင်ဝမ်နိုင်ငံတွင် အလွန်ပြင်းထန်သော ရစ်ချက်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်မှု အဆောက်အအုံတချို့ ပြိုလဲနေပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်ဖြစ်ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၃

ထိုင်ဝမ်နိုင်ငံတွင် ယနေ့ နံနက်ပိုင်း အလွန်ပြင်းထန်သော ပြင်းအား ရစ်ချက်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်သွားပြီး အဆောက်အအုံများစွာ ပြိုလဲနေကြောင်း နိုင်ငံတကာသတင်းများက သတင်းဖော်ပြသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့ ထိုင်ဝမ်စံတော်ချိန် နံနက် ၇ နာရီ ၅၈ မိနစ်အချိန် ထိုင်ဝမ်နိုင်ငံ အရှေ့ကမ်းရိုးတန်း၊ Hualien မြို့၏ တောင်ဘက် ၁၁ မိုင်အကွာကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၄ ရစ်ချက်တာစကေး အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ဆူနာမီ ဖြစ်ပေါ်နိုင်သော သတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် သတိပေးချက်ကို ပြန်လည် အဆင့်လျှော့ချခဲ့ကြောင်း သိရှိရသည်။

ထိုင်ဝမ်ဒေသတွင်း မီဒီယာများတွင် ထွက်ပေါ်လာသော ရုပ်သံနှင့် ဓာတ်ပုံများအရ အဆောက်အအုံများစွာ တိမ်းစောင်းပြိုလဲမှုများရှိနေပြီး လမ်းပန်းဆက်သွယ်ရေးတချို့လည်း ထိခိုက်ပျက်စီးနေကြောင်း၊ မြေပြိုမှုများနှင့် လမ်းများ ပြိုကျမှုများကိုလည်း လူမှုကွန်ရက်များတွင် ဗီဒီယိုများနှင့်တကွ ဝေမျှနေကြကြောင်း ၊ လတ်တလော အရေးပေါ် ရွှေ့ပြောင်းမှုများနှင့် ကူညီမှုများ လုပ်ဆောင်နေသော်လည်း သေဆုံးထိခိုက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း သတင်းများက ဆိုသည်။

၁၉၉၉ ခုနှစ် စက်တင်ဘာလအတွင်း ထိုင်ဝမ်နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြီးကြောင့် လူပေါင်း ၂၄၀၀ သေဆုံးခဲ့ရပြီး အဆောက်အအုံပေါင်း ၅၀၀၀ ပျက်စီးခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထိုင်ဝမ်နိုင်ငံ #ငလျင်ကြီးလှုပ်ခတ် #အပြင်းထန်ဆုံးငလျင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article