38 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ တိုက်ပွဲများအတွင်း စစ်တပ်ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါ အဝင် စစ်သား ၄၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၈ ဦးကျဆုံး ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လ အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉၉ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၂ ဦး သေ ဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ က တရားဝင် သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ် ၅ တပ်မဟာ နယ်မြေ အ တွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ လက်အောက် ခံတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး ငယ်စုစုပေါင်း ၉၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်းအကြမ်း ဖက်စစ်ကောင်စီဘက်မှ ၄၂ ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၂ ဦးအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး ၊ ဒုဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦးနှင့် ဒုတပ်ကြပ် ၂ ဦးပါဝင်သည်ဟု အတိအကျစုံစမ်းသိရှိရကြောင်း၊ KNLA တပ်ဖွဲ့ဝင် ၈ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက် တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ဒေသရှိ ကျေးရွာများ အတွင်းနှင့် ဒေသနေ ပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များအတွင်းသို့ လက်နက် ကြီးကျည် စုစုပေါင်း ၄၂ လုံးပစ်ခတ်ခဲ့သည့်အပြင် (Drone) ၊ တိုက်လေယာဉ်များဖြင့် ဗုံးကြီး၊ ဗုံးငယ်စုစုပေါင်း ၁,၄၈၅ လုံး ကြဲချခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဘာသာဝင်ဘုန်းကြီး ၁ ပါးဗုံးဆံ ထိမှန်ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ အရပ်သား ၈ ဦးသေဆုံးခဲ့သည့်အပြင် ဘုန်းကြီး ၁ ပါးနှင့် အရပ်သားပြည်သူ ၃၀ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၈ ဦးအထဲတွင် ကိုယ်ဝန်သည် မိခင်တစ်ဦးပါဝင် ကြောင်း သိရသည်။

ထို့ပြင် နေအိမ် ၄၂ လုံး၊ စပါးကျီ ၂ လုံး၊ လယ်ထွန်စက် ၁ လုံး လေယာဉ်ဗုံးများထိမှန် ပျက်စီးခဲ့ပြီး ကျွဲ ၁ ကောင်၊ ဝက် ၁၀ ကောင်နှင့် ဆိတ် ၈ ကောင်သေဆုံးပြီး ကျွဲ ၂ ကောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လအတွင်းတိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ နယ်မြေဒေသအတွင်း နေထိုင်ကြသော ပြည်သူ ၁,၆၂၄ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #KNU တပ်မဟာ ၅ နယ်မြေ #မတ်လ တိုက်ပွဲများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article