26 C
Yangon

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဧပြီ ၃

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၃ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီတပ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောင်ချမ်းသာစံပြကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ယင်းနောက် စစ်မှုထမ်းရန် မဲပေါက်ထားသော မောင်မျိုးချစ်ကို လာရောက် ရှာဖွေကြောင်း၊ မောင်မျိုးချစ်သည် ထိုင်းနိုင်ငံသို့ ထွက်သွားသည်ဟု ဆိုသဖြင့် ညီဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှီရသည်။

“စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ မောင်မျိုးချစ်က ထိုင်းကို ထွက်သွားတော့ သူ့ညီလေး အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က ဖမ်းဆီးခေါ်သွားတယ်။ ဒီမနက် ၃ နာရီမှာ ဖမ်းဆီးသွားတာပါ။ အစားထိုးအနေနဲ့ ခေါ်သွားတာ။ လာဖမ်းတာကလည်း စစ်တပ်၊ ခေါ်သွားတာလည်း စစ်တပ်ပဲ” ဟု ဖြစ်စဉ်ကို သေချာစွာ သိရှိထားသူက ရှင်းပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ဖမ်းဆီး ခေါ်ဆောင်ပြီး စစ်တပ်ထဲသို့ အတင်းအကျပ် သွပ်သွင်းမှုများ လုပ်ဆောင်နေကြောင်း၊ စစ်မှုထမ်းရန် ထွက်ပြေး တိမ်းရှောင်သူများပြား သဖြင့် တွေ့ရာ လူငယ်များကို ဖမ်းဆီး ခေါ်ဆောင်မှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အသက် ၁၅ နှစ်အရွယ် မောင်ဖိုးချစ် #စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article