25 C
Yangon

ပေါက်ခေါင်းမြို့နယ်၊ စစ်မှုထမ်းရေး လူငယ်များကို လိုက်လံစုဆောင်းနေသူ ညောင်ပင်အင်းကျေးရွာ အုပ်ချုပ်ရေးမှူး တင်ထွေး နှင့် သားဖြစ်သူ တပ်ကြပ် ကြီး ကျော်သူစိုးတို့ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောပင်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ထွေးနှင့် သားဖြစ်သူ စစ်သားဟောင်း တပ်ကြပ်ကြီး ကျော်သူစိုးတို့ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းအုပ်စု၊ညောင်ပင်အင်းရွာနေ အုပ်ချုပ်ရေးမှူး တင်ထွေးနှင့်သားဖြစ်သူ စစ်သားဟောင်း တပ်ကြပ်ကြီးကျော်သူစိုးတို့ကို စစ်ဆေးမေးမြန်းရန်အတွက် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း၊တပ်ခွဲ ၄ ပြည်တော်ဝင်အဖွဲ့နှင့်တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က နေအိမ်သို့ဆိုင်ကယ်ဖြင့် သွားရောက် ခေါ်ဆောင်လာခဲ့ကြောင်း၊ သဖန်းကိုင်းရွာဆည်ကြီးကုန်းအရှေ့ ဘက် သရက်ချောင်းလမ်းအရောက်တွင် တင်ထွေးနှင့် သားဖြစ်သူ ကျော်သူစိုးတို့က ဆိုင်ကယ်ကို လှဲပြီးထွက်ပြေးရန်လုပ်ဆောင်ကြကြောင်း၊ ထို့ကြောင့် ယမန်နေ့ ည ၁၀ နာရီအချိန်တွင် အုပ်ကြီးတင်ထွေးနှင့်သူ၏သားတပ်ကြပ်ကြီးကျော်သူစိုးတို့ကို တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်ရာ ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

သေဆုံးသွားသော ကျေးရွာအုပ်ချုပ်ရေးမှူးတင်ထွေးနှင့်သူ၏သား တပ်ကြပ်ကြီးကျော်သူစိုးတို့ က စစ်မှုထမ်းရန်လူငယ်များကို လိုက်လံ စုဆောင်းပေးခြင်း၊ သားအဖ ၂ ဦး၏ သတင်းပေးမှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များနေထိုင်ရာစခန်းငယ်တခု စီးနင်းခံခဲ့ရတပ်ကြပ်ကြီးကျော်သူစိုးမှာ ကပစ ၁၉ မှ ဗိုလ်မှူးယုနောင်နှင့်ဆက်သွယ်ပြီးစစ်မှုထမ်းရန်ပြန်လည်လုပ်ကိုင်နေသူလည်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသော သားအဖ ၂ ဦးထံမှ မှတ်ပုံတင်တစ်ခု၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်ကတ်ပြားတစ်ခု၊ဆိုင်ကယ်တစ်စီး၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ဆက်သွယ်ထားသောလက်ကိုင်ဖုန်း ၂ လုံးတို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏ဒေါက်တိုင်များဖြစ်ကြသောအုပ်ချုပ်ရေးမှူးများ၊ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ရပ်/ကျေးထွေအုပ်စာရေးများနှင့်ပျူစောထီးသတင်းပေးဒလန်များကို ပြတ်သားစွာအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်မှုထမ်းရေး လူငယ်များကို လိုက်လံစုဆောင်းနေသူ #တင်ထွေး နှင့် သားဖြစ်သူ တပ်ကြပ် ကြီး ကျော်သူစိုးတို့ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article