25 C
Yangon

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာ အုပ်ချုပ်ရေးမှူးရုံး အနီးရှိ စစ်တပ်ဂိတ် ကင်းစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ရွှေနံသာ အုပ်ချုပ်ရေးမှူးရုံးအနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ် ကင်းစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရုံးရှေ့ကင်းတဲတွင်ရှိနေသော အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Mother Son Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံသာ အုပ်ချုပ်ရမှူးရုံး အနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ် ကင်းစခန်းကို ရန်ကုန် UG အဖွဲ့များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဂိတ် ကင်းစခန်းတွင်ရှိနေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ၊ အုပ်ချုပ်ရေးမှူး နောက်လိုက် ၁ ဦးနှင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံမြို့နယ် ရွှေနံသာကျေးရွာအုပ်စု ပုလဲ ၃ ရပ်ကွက် ဗိုလ်ခြံ ပုလဲလမ်းပေါ်မှာရှိတဲ့ ရွှေနံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးက စစ်တပ်ဂိတ် ကင်းစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာ စစ်တပ်ဂိတ် ကင်းစခန်းမှာရှိနေတဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး၊ အုပ်ကြီးနောက်လိုက် ၁ ဦးနဲ့ စစ်ခွေး ၁ ဦး သေဆုံးတယ်လို့ မြေပြင် ကင်းထောက်အဖွဲ့ အတည်ပြုပါတယ်” ဟု Mother Son Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကိုသူ (DRSSA) UG အဖွဲ့၊ Mother Son Yangon Force.(UG) နှင့် ကိုသေမင်းတမန် (LPDF) မဟာမိတ်အဖွဲ့များက ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရွှေနံသာ အုပ်ချုပ်ရေးမှူးရုံး အနီးရှိ စစ်တပ်ဂိတ် ကင်းစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article