25 C
Yangon

ပေါက်မြို့နယ် အုန်းမှင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နွား ၄ ကောင် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ် အုန်းမှင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နွား ၄ ကောင် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ကပစ ၂၃ က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

” ရွာသား ၃ ဦး ဒဏ်ရာရတယ် မိန်းကလေးတစ်ဦး ယောက်ကျားလေး၂ဦး။ နွားက ၄ကောင် ။ တိုက်ပွဲဖြစ်တာလို့ မရှိဘူးဗျ။ မနေ့က PDF အဖွဲ့က ကပစ တပ်ကို ရှော့တိုက်ဒုန်းနဲ့ သွားပြီးပစ်ခဲ့တာတော့ရှိတယ်ဗျ။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထိမှန်တဲ့ နေအိမ်ကတော့ ဆုံးရူံးမှုတန်ဖိုးအားလုံးပေါင်းသိန်း၈၀ ဝန်းကျင်ရှိတယ် “ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှု ဒရုန်းများနှင့် နေ့စဉ်ပျံဝဲပြမှုများကြောင့် အုန်းမှင်ရွာနှင့် ခင်အေးရွာရှိ ပြည်သူများ ကျေးရွာအတွင်းမှ ရှောင်တိမ်းနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အဆိုပါ ကျေးရွာများသည် အကြမ်းဖက်စစ်တပ်၏ ကပစတပ်နှင့် ၂ မိုင်ခန့်ဝန်းကျင်သာ ဝေးသည့် ကျေးရွာများဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုန်းမှင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article