25 C
Yangon

ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာရှိ စစ်စခန်းကို ရိက္ခာလာပို့ စက်လှေများကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး စက်လှေ ၂ စီးနစ်မြုပ်၊ စက်လှေများ ရှေ့ဆက်မသွားနိုင်ဘဲ ပြန်ဆုတ်သွား

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရှိ စစ်စခန်းသို့ ရိက္ခာလာပို့သည့် စက်လှေများကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ရိက္ခာတင် စက်လှေ ၂ စီးနစ်မြုပ်ခဲ့ခဲ့ကြောင်း ပြည် သူ့အစေခံတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃၁ ရက် နံနက် ၈ နာရီခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းသို့ စက်လှေများဖြင့် ရိက္ခာများလာပို့မည်ဖြစ်ကြောင်း သတင်းအရ စစ်တပ်စခန်း အတွင်းရှိ စစ်သားများ၏ အခြေအနေကို ရှေ့ကင်းသွားရောက် ထောက်လှမ်းစဉ် ကင်းပုန်းစစ်သားများနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် မတ္တရာမြို့နယ်၊ ဥဒိန်ရွာဘက်မှ ရိက္ခာပစ္စည်းများ ဆောင်ပြီး ကမ်းကူးလာသည့် စက်လှေ အသေး ၅ စီးကို မြစ်ကမ်းထိပ်အရောက် ကြားဖြတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး စက်လှေ ၂ စီးနစ်မြုပ်သွားကာ ကျန်စက်လှေများ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“ကမ်းဘေးက‌နေ စောင့်ပစ်ခဲ့တာ၊ စက်လှေ ၂ စီးမြုပ်သွားတယ်။ ရှိန်းမကားစခန်းအထိ မသွားနိုင်တော့ဘဲ ပြန်ဆုတ်သွားတာ၊ အလောင်း ၂ လောင်းကတော့ သူတို့ပြန်ဆွဲသွားတယ်၊ ၃ လောင်းကတော့ စက် လှေပေါ်မှာကျန်ခဲ့တာ၊ စက်လှေတစ်စီးကတော့ အောက်မျောသွားလို့ အောက်ဖက်မျောသွားလို့ အောက်ဖက်က အဖွဲ့တွေက ဆယ်ထားလို့ သိရတယ်၊ အဲဒီခွေးတွေ ဥဒိန်ကနေ မတ္တရာကို ပြန်သွား တဲ့အချိန်မှာလည်း မိုင်းမိသေးတယ်လို့ သိရတယ်။” ဟု ပြည် သူ့အစေခံတပ်ဦးမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့၊ လျှပ်စီးအဖွဲ့ နှင့် တောကြီးမြွေပွေးတို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးအား တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရှိမ်းမကားရွာရှိ စစ်စခန်းကို ရိက္ခာလာပို့ စက်လှေများကို တိုက်ခိုက်

ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးအား တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article