30 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများနှင့် ညောင်လေးပင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဧပြီ ၃

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းနှင့် အကြမ်းဖက် စစ်သားများ တပ်စွဲထားသော ညောင်ပင်ကွင်း တံတားကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင်း ထိတွေ့တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အရေအတွက်ကိုအတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း People Defence Force Shwegyi – SGDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၄ နာရီခန့်ကစတင်၍ ပုဇွန်မြောင်းကျေးရွာ၌ ယာယီတပ်စွဲပြီး ကျေးရွာ နေလူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ဖမ်းဆီးပြီး ကားပေါ်ဆွဲတင်နေသော အကြမ်းဖက် စစ် သားများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်၊ အရေအတွက်အတိအကျမသိရသေးတာပါ။ ပုဇွန်မြောင်းကျေး ရွာမှာ တပ်စွဲထားတာ ၅ ရက်လောက်ရှိပြီ၊ ရွာကနေလူငယ်တွေကို ကားနဲ့တင်ပြီးဆွဲနေတာ၊ စစ်မှု ထမ်းခိုင်းမယ်လို့ တင်ပါတယ်။ ကျည်ကုန်လို့ ပြန်ဆုတ်ခဲ့ရတာပါ။ ကျည်နဲ့ ရိက္ခာဆေးဝါးအကူအညီ တွေလိုအပ်နေပါတယ်၊ ဒါတွေ ကိုယ့်ဘက်က ပြည့်စုံမှ ခရီးပေါက်မှာပါ” ဟု People Defence Force Shwegyi – SGDF တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA နှင့် People Defence Force Shwegyi – SGDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တစ်ဦးခြေထောက် ဖြတ်လိုက်ရကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အင်အား ၁၀၀ ခန့် စစ်ကူများ ထပ်မံရောက်ရှိလာကာ လက်ရှိတွင် ပုဇွန်းမြောင်းကျေးရွာအနီး၌ တပ်စွဲထားကြောင်း သိရ သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ညောင်လေးပင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article