29 C
Yangon

မဘိမ်းမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

ရှမ်းပြည်နယ် ၊ မဘိမ်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၅ ဦးသေဆုံးကြောင်း သိရှိရသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချကြောင်း၊ အဆိုပါ ဗုံးကျရောက်ပေါက်ကွဲ၍ မိုးလုံးကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျသွားကြောင်း၊ သံဃာတစ်ပါး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မနေ့ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မဘိမ်းမြို့နယ် မိုးလုံးရွာကိုတိုက်ပွဲမရှိဘဲ စစ်တပ်ဂျက်ဖိုက်တာ ၁စီးဗုံးလာကျဲသွားတယ်။ ဘုန်းကြီးကျောင်းပျက်စီးတယ်။ ပြည်သူ ၅ ယောက် ဒဏ်ရာရရတယ်။ နောက်ထပ်ပြည်သူ ၆ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးလည်း ပျံလွန်တော်မူပါတယ်။ စုစုပေါင်း အိမ် ၁၀ လုံးမီးလောင်ပျက်စီးပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ဘုန်းကြီးပေါ်သို့ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ တိုက်လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖာပွန်မြို့နယ် တွင် စစ်တပ်၏ ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ

၁- ဦးမေအောင် အသက် ၇၆ နှစ် (ဘုန်းကြီးဝတ်)
၂-သီသီမေ အသက် ၃၃ နှစ်
၃- စီတာရီယာ အသက် ၁၇ နှစ်
၄-ထွန်းဆန်းလွင် အသက် ၂၈ နှစ်
၅-မျိုးမင်းဦး အသက် ၄၀ နှစ်
၆-ဖိုးသာထူး အသက် ၃၆ နှစ်
၇-ဦးအောင်အောင် အသက် ၄၃ နှစ်
၈- အမည်မသိ သူ တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဖာပွန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသွားရသော ပြည်သူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဖာပွန်မြို့နယ်တို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ဖာပွန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသွားရသော ပြည်သူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article