အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၃
အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီ ၃ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “လဲလုလုရန်သူကို ဇွဲရှိရှိအမြစ်ဖြတ်ပြီး တော်လှန်နေတဲ့ တော်လှန်ရေးအင့်အားစုတိုင်းကို လေးစားချစ်ခင်ရပါသည်” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။