25 C
Yangon

မုံရွာမြို့နယ်ရှိ တောပုပျူစောထီးရွာနှင့် ညောင်ဖြူပင် ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ တောပုပျူစောထီးရွာရှိ လက်နက်များ မီးလောင်ပျက်စီး

Must read

မုံရွာမြို့နယ်ရှိ တောပုပျူစောထီးရွာနှင့် ညောင်ဖြူပင် ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ တောပုပျူစောထီးရွာရှိ လက်နက်များ မီးလောင်ပျက်စီး

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုပျူစောထီးရွာနှင့် ညောင်ဖြူပင် ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Black Dragon အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့တွင် မုံရွာမြို့နယ်၊ တောပုပျူရွာနှင့် ညောင်ဖြူပင်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက Drone ၊ လက်နက်ကြီးများဖြင့် တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တောပုပျူစောထီးရွာရှိ လက်နက် ခဲယမ်းများ ရှိရာနေရာကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ည ၁၂ နာရီကျော်ထိ ရွာထဲ၌ မီးလောင်ခဲ့ကြောင်း၊ ညောင်ဖြူပင်ရဲစခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများ၊ ဒရုန်းဗုံးသီးများဖြင့် ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၇ တပ်ရင်းနှင့် မုံရွာခရိုင် အမှတ် (၄) တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း ၊ တပ်ခွဲ (၄) ၊ မုံရွာခရိုင် အမှတ် (၁၃) တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၁၇) တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၃) တပ်ရင်း ၊ တပ်ခွဲ (၄) ၊ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း၊ မုံရွာခရိုင် အမှတ် (၂၈) တပ်ရင်း၊ CHU တပ်ခွဲ (၂) Immortal Guerrilla Force- Monywa၊ Special Guerrilla Force Monywa ၊ စေတန် ၊ ကမျဉ်းနီ နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့၊ The Brightness တပ်ဖွဲ့ ၊ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့ ၊ S.R.A တပ်ဖွဲ့၊ C.D.F တပ်ဖွဲ့ ၊ ဒေါင်းရာဇာ တပ်ဖွဲ့၊ Ghost Army L.P.D.F နှင့် B.K.M Force တို့မှ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article