25 C
Yangon

တနင်္သာရီတိုင်းတွင် တော်လှန်ရုပ်ပြသခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာဘေးအန္တရာယ် ကာကွယ်ခြင်းဆိုင်များ ဆွေးနွေးပြောကြားပြီး ညသပိတ်ပြုလုပ်

Must read

တနင်္သာရီတိုင်းတွင် တော်လှန်ရုပ်ပြသခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာဘေးအန္တရာယ် ကာကွယ်ခြင်းဆိုင်များ ဆွေးနွေးပြောကြားပြီး ညသပိတ်ပြုလုပ်

ရန်ကုန်၊ဧပြီ ၃

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဗမာ့လူငယ်ကွန်ရက် (ဗလက)တို့ ပူးပေါင်းပြီး “အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ” ခေါင်းစဉ်နှင့် တော်လှန်ရုပ်ရှင်များကို ပြသခဲ့​ကြောင်းသိရသည်။

အဆိုပါလှုပ်ရှားမှုတွင် တော်လှန်ရုပ်ရှင်ပြသမှုနှင့်အတူ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့၀င်တစ်ဦးက ဗကသ သမိုင်းအကျဉ်းနှင့် တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ) ဖွဲ့စည်းရခြင်း၏အကြောင်းကို တက်ရောက်လာကြသည့် ပြည်သူများကို တင်ပြခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဆိုင်ရာဘေးအန္တရာယ်ကာကွယ်ခြင်းနည်းလမ်းများကိုလည်း ဆွေးနွေးတင်ပြခဲ့ကြောင်း၊ ပဗလက ၏ အတွင်းရေးမှူး ကိုရဲထွေးကလည်း သပိတ်ပြုလုပ်ရခြင်း၏ အရေးပါပုံများ၊ အကျိုးသက်ရောက်ပုံများကိုလည်း ရှင်းလင်း ဟောပြောခဲ့ပြီး တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် သူရဲ‌ကောင်းရဲဘော်များကို ၁ မိနစ် ငြိမ်သက် ဆုတောင်းမေတ္တာပို့ကာ ညသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article