25 C
Yangon

ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး

Must read

ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဧပြီလ ၃ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF လက်အောက်ခံ ကျားဖြူ စစ်ကြောင်း Sniper တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စနိုက်ပါတပ်ဖွဲ့က လှုပ်ရှားခဲ့တာပါ၊ စစ်တပ်ဘက်က ပြည်သူ့နေအိမ်တွေပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်၊” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ကော့ကရိတ်မြို့တိုက်ပွဲသည် ၄ လကျော်ကြာမြင့်လာပြီဖြစ်ပြီး KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ကော့ ကရိတ်မြို့ကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားပြီး မြို့၏ ထွက်ပေါက်အားလုံးကို လည်း ပိတ်ဆို့ထား ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်ကော့ကရိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင် သမျှ ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တားမြစ်ထားသော နေရာကို ဖြတ် သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ယနေ့တွင်လည်း တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်၏ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ ကို တိုက်ခိုက်သောအခါ ခလရ ၉၇ က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကော့ကရိတ်မြို့တွင်း ပြည်သူ့ နေအိမ်များ မီးလောင်ပြာကျမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article