32 C
Yangon

Update News- နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး အရာရှိနှင့်စစ်သည် ၁၅ ဦးဒဏ်ရာရရှိ

Must read

Update News- နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး အရာရှိနှင့်စစ်သည် ၁၅ ဦးဒဏ်ရာရရှိ

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာ လေတပ်စခန်းအတွင်းသို့ ဒရုန်းများ ဝင်ရောက်လာပြီး နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုများကြောင့် အေလာလေတပ်အတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်ရုံးချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွင် စစ်သည်နှင့်အရာရှိ ၁၁ ဦးဒဏ်ရာရရှိပြီး ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အေလာလေတပ်စခန်းမှာ စစ်သား ၂ ဦးသေဆုံးတယ်။ အရာရှိနဲ့ စစ်သား ၄ ဦးဒဏ်ရာပြင်းထန်ပါတယ်။ စစ်ရုံးမှာတော့ အရာရှိ ၃ ဦးနဲ့ စစ်သည် ၈ ဦး ဒဏ်ရာရရှိပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် လူနှင့်အဆောက်အအုံထိခိုက်မှု မရှိဘဲ ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း လိမ်လည် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- နေပြည်တော်လေဆိပ်တွင် ကျရောက်ပေါက်ကွဲခဲ့သည့် PDF ဒရုန်းတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article