36 C
Yangon

Breaking News- လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီရုံးများနှင့် ဌာနဆိုင်ရာရုံးများကို ချိတ်ပိတ်လိုက်ပြီး KIO/KIA ၏ အုပ်ချုပ်ရေး စတင်၊ အကြမ်းဖက်စစ်တပ်၏ ဝါစိမ်းနီ အလံများကို တရားဝင် ဖြုတ်ချ

Must read

Breaking News- လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီရုံးများနှင့် ဌာနဆိုင်ရာရုံးများကို ချိတ်ပိတ်လိုက်ပြီး KIO/KIA ၏ အုပ်ချုပ်ရေး စတင်၊ အကြမ်းဖက်စစ်တပ်၏ ဝါစိမ်းနီ အလံများကို တရားဝင် ဖြုတ်ချ

ရန်ကုန်၊ ဧပြီ ၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီရုံးများနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို ယနေ့ ချိတ်ပိတ်လိုက်ပြီး KIO/KIA ၏ အုပ်ချုပ်ရေးကို တရားဝင်စတင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့တွင် စစ်ကောင်စီရုံးများနှင့် ဌာနဆိုင်ရာရုံးများကို KIA တပ်ဖွဲ့ဝင်များက လိုက်လံ ချိတ်ပိတ်ပြီး အကြမ်း ဖက် စစ်တပ်၏ ဝါစိမ်းနီ အလံများကိုလည်း ဖြုတ်ချလိုက်ကြောင်း၊ မြို့တွင်းတွင်လည်း ယူနီဖောင်းဝတ် KIA တပ်ဖွဲ့ဝင်များက တပ်စွဲထားကြောင်း သိရှိရသည်။

လွယ်ဂျယ်မြို့တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကောင်စီတပ်စခန်း တစ်ခုရှိသော်လည်း တရုတ်၏ ဖိအားကြောင့် ပစ်ခတ်မှုလုပ်ဆောင်ခြင်းမပြုဘဲ KIA တပ်များက ၀ိုင်းထားကြောင်း၊ စစ်ကောင်စီဘက်မှ တပ်နှင့်ရဲများ၊ ဝန်ထမ်းများမှာလည်း ယူနီဖောင်းပင်မဝတ်တော့ဘဲ အရပ်ဝတ်များဖြင့်သာ နေထိုင်ကြကြောင်း၊ လက်နက်ကိုင်ဆောင်ခြင်းလည်း မတွေ့ရကြောင်း မြို့ခံများနှင့် KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးရုံးမှ အကြမ်းဖက်စစ်တပ်၏ ဝါစိမ်းနီ အလံကို ဖြုတ်ချစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article