32 C
Yangon

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ မြိုင်မြို့နယ်တွင် PDF စခန်းကို မီးရှို့ခဲ့သော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

Must read

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ မြိုင်မြို့နယ်တွင် PDF စခန်းကို မီးရှို့ခဲ့သော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်ခန့်တွင် စလင်းမြို့နယ်၊ မြောင်းသစ်ရွာကို ရောက်ရှိနေသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ရိက္ခာပို့ရန် ကံပြားရဲစခန်းမှ အိမ်စီးကားဖြင့် ကင်းထောက်ဖို့ ထွက်လာသည့် စစ်သားများကို မုံရွာ- ပုသိမ် လမ်းပိုင်း ကိုင်းကြီးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားမောင်းလာသော စစ်တပ် သတင်းပေးကို ထိမှန်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး နာရေးကားဖြင့် ဆေးရုံကို သယ်ဆောင်သွား ကြောင်း သိရသည်။

“ကားမောင်းတဲ့ စခသတင်းပေးတော့ ဆေးရုံရောက်တယ်။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ စစ်ခွေးတွေက ကံပြားစခန်းကို ပြန်ဆုတ်နေပြီး လမ်းပေါ်မှာ စစ်ခွေးကင်းကလည်း အပြည့်ပဲ အဲ့ဒီလမ်းက ကပစ ၂၁ ကို စစ်ခွေးတွေ ရိက်ခါ ထောက်ပို့တဲ့ လမ်းပဲ” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း စလင်း PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရိက္ခာပို့ရန် စစ်ကားများမှာရှေ့ဆက်တက်မလာရဲတော့ဘဲ ကံပြားရဲစခန်းအတွင်းကို ပြန်ဝင်သွားကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို မီးရှို့ခဲ့သည့် စစ်ကြောင်းအား မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိပြီး တစ်ဦးခြေထောက်နှစ်ပြတ်ထွက်သွားကြောင်း Ghost of Enemies-GOE မြိုင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၂ ရက် ညနေ ၄ နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု ၂ မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများသည် Ghost of Enemies- – GOE တပ်ဖွဲ့ ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်ပြီး မီးစက်၊ မိုင်းများအပါအဝင် စခန်းအတွင်းရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ရာ တန်ဖိုး သိန်း ၈၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မဖြစ်လိုက်ဘူးဗျ၊ သူတို့မီးရှို့တဲ့အချိန်မှာတော့ မိုင်းပေါ်ကွဲတာတွေရှိတယ်၊ ထိခိုက်သေ ဆုံးမှုကတော့ မသိရသေးဘူး၊ အဲဒီစစ်ခွေးတွေက မနေ့ကပဲ မြိုင်ထဲကို ဝင်သွားတာဗျ၊ ဝင်သွားပြီး တော့ ကိုးဆောင်ဂိတ်ဘက်ကို ထွက်လာတဲ့အချိန်မှာ မိုင်းဆွဲလိုက်တာ ၃ ယောက်ထိတယ်၊ တစ် ယောက်ကတော့ ခြေထောက် နှစ် ချောင်းလုံးပြတ်သွားတာ၊ သေသွားမသွားတော့ မသိရသေးဘူး၊ စုံစမ်းနေတုန်း၊” ဟု Ghost of Enemies-GOE မြိုင် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ယင်း အကြမ်းဖက် စစ်ကြောင်းသည် ယနေ့ ဧပြီလ ၄ ရက် နေ့လည်ပိုင်းက စစ်မှု ၂ သို့ပြန်လည် ဝင် ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article