28 C
Yangon

ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို စရဖ က ထောင်ပြင်ခေါ်ထုတ်၍ နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်

Must read

ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို စရဖ က ထောင်ပြင်ခေါ်ထုတ်၍ နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်

ရန်ကုန်၊ ဧပြီ ၄

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဥ်းသား ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ထောင်ပြင်ခေါ်ထုတ်၍ နှိပ်စက် သတ်ဖြတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို ထောင်တွင်းမှ ဖုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲကာ ခေါင်းစွပ် အမည်းများ စွပ်၍ ထောင်ပြင် ခေါ်ထုတ်ပြီး နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်ဦးစလုံးကို ညနေပိုင်းက ခေါ်ထုတ်ပြီးနောက် ဥပဒေမဲ့ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်။ အာဏာသိမ်းပြီး ကတည်းက အကျဉ်းထောင်တွေမှာ ဥပဒေမဲ့ သတ်ခံနေကြရတယ်။ ဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်အာမခံချက် မရှိဘဲ အချိန်မရွေး ခေါ်ထုတ်သတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သ်သတင်းဌာနသို့ ပြောကြားသည်။

ကိုမင်းသူနှင့် ကိုဝင်းသီဟတို့ကို မည်သည့်နေ့တွင် သတ်ဖြတ်လိုက်ရသည်ကို မိသားစုဝင်များ မသိရှိရသည့်အပြင် ရုပ်အလောင်းကိုလည်း ပြန်မရရှိဘဲ စုံစမ်းမေးမြန်း၍လည်း မရရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံရ၍ ကျဆုံးသွားသည့် အသက် ၂၅ နှစ်အရွယ် ကိုမင်းသူ (ခေါ်) မော်လဝီရှက်မင်းသည် အစ္စလာမ် ဘာသာရေး ဆရာတစ်ဦး ဖြစ်ပြီး ထောင်တွင်း ကျန်းမာရေး မကောင်းသူဖြစ်ကာ အကြမ်းဖက်ပုဒ်မနှင့် ထောင်ဒဏ် ၁၀ နှစ်အမိန့်ချထားကာ နောက်ထပ်ပုဒ်မ သုံးခုနှင့်လည်း စစ်ဆေးနေဆဲကြောင်း၊ ကိုဝင်းသီဟ သည်လည်း အကြမ်းဖက် ပုဒ်မနှင့် ထောင်ဒဏ် ၇ နှစ် ကျခံနေရသူဖြစ်ကြောင်း ထားဝယ်ခရိုင်နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article