25 C
Yangon

မှော်ဘီနှင့် တွံ့တေးမြို့နယ်တို့ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တို့တွင် ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ယမန်နေ့ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီးရှိ စစ်တပ်စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့ ည၈ခွဲလောက်မှာ မှော်ဘီ အမှတ် ၄ လမ်းမကြီး စစ်ခွေး ဂိတ်အနီးဗုံးပေါက်ပါတယ်။ အသံက အရမ်းကျယ်တော့ မှော်ဘီမြို့နယ် နေရာတော်တော်များများက ကြားလိုက်ရတယ်။ အဲဒီနောက်တော့ စစ်တပ်နဲ့ ရဲတွေက ယာဥ်တွေကို ပိတ်ဆို့စစ်တယ်။ ကားပေါ်ပါ သူအားလုံး အောက်ကို ဆင်းပေးရတယ်။ ကားနောက်ဖုံးတွေ ဖွင့်ပေးရတယ်” ဟု တက္ကစီအငှားယာဉ်မောင်တစ်ဦးက ဆိုသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ဂျောင်ဝိုင်းလေးရပ်ကွက် ရှိ စစ်တပ်ဂိတ်နှင့် ပျူစောထီးဂိတ်ကို Dark shadow အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ ရဲဘော် ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” မနေ့က ဗုံးခွဲမှုမှာ တစ်လုံးကွဲ ပြီး တစ်လုံးမအောင်မြင်ဘူး။ ရဲဘော်တွေတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာခဲ့ရတယ် ။ပျူသင်တန်းတွေက ကြည့်မြင်တိုင်တစ်ဖက်ကမ်းရယ် တွံတေး ဆိတ်ကြီးခနောင်တို့မှာပေးနေတာမို့ ဖောက်ခွဲတိုက်ခိုက်တာပါ” ဟု ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AP

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်စစ်ဆေးရေးဂိတ်တို့တွင်ဗုံးများပေါက်ကွဲ

ရန်ကုန်တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article