26 C
Yangon

ဗန်းမော်-မန္တလေး လမ်းပိုင်း၊ ဟန်ထက်ရွာရှိ စစ်တပ် စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်‌၊ စစ်သားများ တပ်ပျက်၍ စခန်းစွန့်ခွာ ထွက်ပြေး

Must read

ရန်ကုန်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဗန်းမော်-မန္တလေး လမ်းပိုင်း ဟန်ထက်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မံစီမြို့နယ်၊ ဗန်းမော်-မန္တလေး လမ်းပိုင်းရှိ ဟန်ထက်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်ကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KIA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သားများ တပ်ပျက်၍ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

“၅ ရက်နေ့ နံနက် ၇ နာရီမှာ မံစီမြို့နယ် ဗန်းမော်-မန္တလေး လမ်းပိုင်းက ဟန်ထက်ရွာ အခြေစိုက် စစ်ခွေးစခန်းကို KIA က သိမ်းပိုက်ရရှိခဲ့တယ်။ အဲစခန်းက စစ်ခွေတွေကတော့ စခန်းစွန့်ပြီး ထွက်ပြေးသွားတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် KIA သည် အကြမ်းဖက် စစ်တပ်၏ စစ်စခန်း စုစုပေါင်း ၆၃ ခုကျော်ကို သိမ်းပိုက်ရရှိထားပြီး လွယ်ဂျယ်မြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားကာ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article