38 C
Yangon

ရေဦးမြို့မ ရဲစခန်းနှင့် ဗိုလ်အောင်ဇေယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ငါန်းဇွန်တွင်လည်း စစ်ကား ၂ စီးကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရေဦးမြို့မ ရဲစခန်းနှင့် ဗိုလ်အောင်ဇေယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ ၊ ငါန်းဇွန်တွင်လည်း စစ်ကား ၂ စီးကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မရဲစခန်းနှင့် ဗိုလ်အောင်ဇေယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရေဦးမြို့ ဗိုလ်အောင်ဇေယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်တွင် အကြမ်းဖက် စစ်ကောင်စီများကို ကျွေးမွေးဧည့်ခံ နေချိန် ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦးPDF က Fixed Wings Drone ၁ စီးဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် အထိုင်ချ ထားသော ရေဦးမြို့ ရဲစခန်းကို ရေးဦး PDF က ထပ်မံပြီး Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ကား ၂ စီးဖြင့် ပြန်၀င်သွားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဒရုန်းဖြင့် မိုင်းသီး ၂ လုံးကျဲ ချတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ စစ်ခွေးတွေ အော်သံ ဆဲသံတွေ ရမ်းပစ်တာတွေ တော်တော်လေးကိုကြားရတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article