30 C
Yangon

ယင်းမာပင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ယင်းမာပင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လမ်းကြောင်းပြောင်းလာသောကြောင့် ကျေးရွာ ၁၂ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရခြင်းကြောင့် စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိချိန်တွင် ဂုဏ်တော၊ ရွာသာ၊ ဒုန်းတော၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီး၊ ရေကြည်ပင် (၂) ရွာ၊ မြရိပ်၊ အောင်ချမ်းအေး၊စည်လှောင် ၊ အောင်ချမ်းသာ စသည့် ကျေးရွာ ၁၂ ရွာ ကျော်မှ ပြည်သူ ၁၅၇၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ကြောင်းက မနေ့ကတော့ စည်လောင်ရွာကို ရောက်နေတယ်လို့ သိရတယ်။ ဒီနေ့တော့ ဘယ်ရွာကို ဆက်လက် စစ်ကြောင်းထိုးနေလည်း ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး” ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၂၂ ရက်နေ့က စတင်ကာ ယင်းမာပင်မြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article