37 C
Yangon

ရေစကြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် ခလရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

Must read

ရေစကြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် ခလရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်

ရန်ကုန်၊ ဧပြီ ၆

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် ခလရ ၂၅၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ရေစကြိုမြိုနယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၅ ရက်နေ့ ည ၇ နာရီခန့်တွင် ရေစကြိုမြို့ပေါ်တွင် တာဝန်ကျနေသည့် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၂ တပ်ရင်းမှ တပ်သား စိုင်းခမ်းလီ သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြိုနယ် (ပကဖ) ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသည့် တပ်သား စိုင်းခမ်းလီသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ အီနာဂါ ဗုံးသီး ၁ လုံး နှင့်ကျည် ၁၃၀ တောင့် တို့ယူဆောင်လာသောကြောင့် ရေစကြို ပကဖ က ဆုငွေ ကျပ်သိန်း ၅၀ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်တွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများလည်း အမြန်ဆုံး ချိတ်ဆက် အလင်းဝင်ရောက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြိုနယ် (ပကဖ) က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article