25 C
Yangon

ဘုတလင်မြို့နယ် ငါးရေ၀င်ရွာတွင် စစ်တပ်က PDF အယောင်ဆောင်၍ ဝင်ရောက်ကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ကျေးရွာကို မီးရှို့

Must read

ဘုတလင်မြို့နယ် ငါးရေ၀င်ရွာတွင် စစ်တပ်က PDF အယောင်ဆောင်၍ ဝင်ရောက်ကာ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ကျေးရွာကို မီးရှို့

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ငါးရေ၀င်ကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ PDFအယောင်ဆောင် ကျေးရွာအတွင်း၀င်ရောက်၍ ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီး နေအိမ်တချို့ကို မီး

ရှို့ဖျက်ဆီး သွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဘုတလင်မြို့နယ် ကူတော်ကျေးရွာရဲစခန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ဦးဝန်းကျင်က မတ်လ ၂၂ ရက်ညနေပိုင်း မွန်းတောကျေးရွာမှ စစ်ကြောင်းထိုးလာပြီး ငါးရေ၀င်ကျေးရွာမှ ပြည်သူများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မွန်တောဘက်ကနေ လာတဲ့ ကူတော်က စစ်သားတွေကရွာထဲကို PDFလိုလိုနဲ့၀င်လာပြီးမှရွာ ခံတွေဖမ်းသွားတာဗျ။ ၆ ဦး အဖမ်းခံလိုက်ရတာ၊အိမ်(၂)လုံးလည်း မီးရှို့သွားတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးသွားသူများမှာ ကိုတင်မောင်ဌေး အသက် ၃၅ နှစ်၊ကိုညွန့်နိုင်ဝင်း အသက် ၃၃ နှစ်၊ကိုလင်းလင်း အသက် ၃၄ နှစ်၊ကိုရဲထက်နိုင် အသက် ၂၀ နှစ်၊ကိုခန့်ဇင် အသက် ၁၆ နှစ်နှင့် ကိုဖိုးငယ်

အသက် ၁၉ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးသွားသူများကို စစ်ကောင်စီတပ်ဖွဲ့က ကူတော်ကျေးရွာအနီး တွင်မျက်နှာကို အ၀တ်စည်းခေါ်ဆောင်သွားပြီး ရွာခံပြည်သူတစ်ဦး၏ တိုက်နေအိမ်အတွင်းမှာ လက်ပြန်ကြိုးတုပ်ပြီး ထားခဲ့ကြောင်း၊ အဖမ်းဆီးခံခဲ့ရ

သည့် အသက် ၁၆ နှစ်အရွယ် ကိုခန့်ဇင် နှင့် အသက် ၁၉ နှစ်အရွယ်ကိုဖိုးငယ် တို့မှာ သင်္ကန်းဝတ်မည့် မောင်ရင်လောင်းများဖြစ်သဖြင့် ကျေးရွာက ပြန်လွှတ်ပေးရန် တောင်းပန်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က တစ်ဦးလျှင် ငွေကျပ် ၂ သိန်းဖြင့် ရွေးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

“ကိုဖိုးငယ်နဲ့ ကိုခန့်ဇင် က ရွာအလှူမှာ မောင်ရင်လောင်းပါလို့ ပြန်လွှတ်ပေးဖို့ တောင်းပန်လို့ တစ်ယောက် ၂ သိန်းနဲ့ မတ်လ ၂၃ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်၊ကျန်တဲ့လူတွေက အခုထိ မလွတ်သေးဘူး”လို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခဲ့သည့်အပြင် ဒေသပြည်သူများ၏ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငါးရေ၀င်ကျေးရွာသည် စစ်တပ် တပ်စွဲထားသော ကူတော်ကျေးရွာရဲစခန်းနှင့် ၃ မိုင်၀န်းကျင်အကွာမှာရှိပြီး နေ အိမ် ၃၀၀ ၀န်းကျင်သာရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့နေစဉ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article