25 C
Yangon

မြိုင်မြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

မြိုင်မြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ မြို့င်မြို့ပေါ်ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Ghost of Enemies -GOE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၇ ရက် နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က အင်အား ၆၀ ခန့်ဖြင့် မြိုင်မြို့မှ စက်မှု ၂ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို ဝါးရုံဆည်အနီးအရောက် အသင့်ထောင်ထားသော မိုင်း များ ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို မြိုင်မြို့အတွင်းသို့ ပြန်သယ်သွားကြောင်း သိရသည်။

“မြိုင်မြို့ပေါ်ကနေ စက်မှု ၂ ဘက်ကို ဦးတည်လာတာ၊ ဝါးရုံဆည်မှာဗျ၊ ကျနော်တို့မိုင်းထောင်ထားတဲ့ နေရာကို ရောက်လာတာ၊ အဲနားမှာမိုင်းဆွဲလိုက်တာ ၊ ၄ ကောင်က အသေဗျ၊ ကျန်တဲ့ အများစုက ဒဏ်ရာရတယ်ဗျ၊ အခုလက်ရှိအထိ တစ်ချို့ခွေးတွေက အဲနားမှာအနီးတဝိုက်မှာပဲရှိသေးတယ်၊ တချို့ တချို့တဝက်တော့မြိုင်ထဲကို ပြန်ဝင်တယ်ဗျ၊ အသေတွေနဲ့ဒဏ်ရာရတဲ့သူတွေကို မြိုင်ထဲသယ်သွား တယ်” ဟု Ghost of Enemies -GOE တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Ghost of Enemies -GOE တပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားရှိလမ်းဘေးတဲအိမ်များကို အကြမ်းဖက်စစ်သားက လှည့် ပတ်မီးရှို့နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article