35 C
Yangon

ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ရွှေလန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

Must read

ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ရွှေလန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရှားတောရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ ၄ ဦးဖြစ်သည့် ဦးဝင်းခင် ၊ ဦးအုန်းမောင် ၊ ဦးနောင်နောင်ထွန်း၊ ဒေါ်ညွန့်ရင်နှင့် ဦးစိုးအောင် တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ရှားတောကျေးရွာကို စစ်ခွေးတွေ စစ်ကြောင်းထိုးပြီး မီးဝင်ရှို့သွားတာ ခုသိရသလောက်တော့ ပြည်သူ ၅ ဦးကို သတ်သွားတယ်။ အသက် ၈၀ ကျော်နဲ့ အသက် ၉၀ ကျော် မပြေးနိုင် မလွှားနိုင်တဲ့ လူကြီး ၂ ဦးကို မီးရှို့သတ်ဖြတ်သွားတယ်။ ကျန်တဲ့ ၃ ဦးကိုတော့ ပစ်သတ်သွားတာ စစ်ခွေးတွေက လေဖြတ်နေတဲ့သူပါ ပစ်သတ်ပီးတော့ ရေကန်ထဲပစ်ချသွားတာ တစ်ရွာလုံးမှာ မီးမလောင်သွားတဲ့ အိမ်ဆိုလို့ လက်ချိုးရေလို့ရတယ်။ ရွာမှာက နေအိမ် ၄၅၀ ကျော်ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေလန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျပြီး ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့တွင် ရွှေလန်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူမျာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

“ပေါက်မြို့နယ်က ရွှေလန်ရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ ရွာမှာက အိမ်ခြေ ၁၀၀ လောက်ပဲရှိတာ နေအိမ် ၂၀ ကျော်လောက် မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article