25 C
Yangon

ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က တိုင်းရဲတပ်ဖွဲ့မှူးနှင့် ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး တို့ကို လစဥ် ငွေကျပ်သိန်း ၅၀ စီ ရှာဖွေပေးနေရ၍ ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် ပြည်သူများကို မတရားဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်

Must read

ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က တိုင်းရဲတပ်ဖွဲ့မှူးနှင့် ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး တို့ကို လစဥ် ငွေကျပ်သိန်း ၅၀ စီ ရှာဖွေပေးနေရ၍ ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် ပြည်သူများကို မတရားဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်

ရန်ကုန်၊ ဧပြီ ၇

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က တိုင်းရဲတပ်ဖွဲ့မှူးနှင့် ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး တို့ကို လစဥ် ငွေကျပ်သိန်း ၅၀ စီ ရှာဖွေပေးနေရ၍ ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ်များတွင် ပြည်သူများကို မတရားဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ရဲသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လပိုင်းက စတင်ကာ ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမူး ညွန်လှိုင်နှင့်အဖွဲ့သည် ဘိုကလေးမြို့ အဝင် စစ်ဆေးရေးဂိတ်များတွင် ခရီးသွား ပြည်သူများထံမှ ဖုန်းများကို အတင်း အဓမ္မယူကာ ရှာဖွေစစ်ဆေးခြင်းများကို နေ့စဥ် ပြုလုပ်လာပြီး မတရား ခြိမ်းခြောက် ငွေညှစ် တောင်းခံနေမှုများကြောင့် ပြည်သူများ ခရီးသွားလာရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သာပေါင်း စစ်ဆေးရေးဂိတ်တွင် နောက်ပြန်တိုးကျေးရွာ၌ နေထိုင်သော အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုငဇော်ကြီး ၏ ဆိုင်ကယ်ကို ဖမ်းဆီးကာ ၄င်းကိုင်ဆောင်သည့်ဖုန်းကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများ မတွေ့ရှိသော်လည်း ၂ လုံးထိုးထားသော Message တချို့ တွေ့ရှိကာ မြို့မရဲစခန်းကို ဖမ်းဆီးခေါ်သွားကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် စခန်းမှူး ညွန့်လှိုင်က ငွေ ၂၀ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထို့ပြင် ကိုငဇော်ကြီး ရှေ့တွင်လည်း ၂ လုံး Message တချို့တွေ့သည်ဟုဆိုကာ ပြည်သူ ၅ ဦးထံကို ဖမ်းဆီးခံပြီး အမှုဖွင့် မခံချင်ပါက ငွေပေးရန် ခြိမ်းခြောက် ညှိနှိုင်းပြီး တစ်ဦးလျှင် ငွေ ၁၀ သိန်းနှင့် အထက်ရယူပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၃ ရက်နေ့ကလည်း ဘိုကလေးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်တဲ့ ကိုအောင်မင်းစိုးတို့ မိသားစုနေအိမ်ကို ညလှည့်ကင်းအဖွဲ့က ဧည့်စာရင်း စစ်ဆေးစဥ် ဖုန်းများကို အတင်းအဓမ္မသိမ်းယူပြီး စစ်ဆေးခဲ့ရာ နိုင်ငံရေးနှင့် ပတ်သတ်သည့် စာတချို့ တွေ့ရှိသည်ဟုဆိုကာ မြို့မရဲစခန်းကို ဖမ်ဆီးခေါ်ဆောင်သွားပြီး ရိုက်နက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ၃ ရက်ခန့် အကြာတွင် စခန်းမှူး ညွန့်လှိုင်က အမှုဖွင့် မခံချင်ပါက ငွေပေးရန် ခြိမ်းခြောက် ညှိနှိုင်းခဲ့ပြီး ငွေသိန်း ၃၀ ကျပ်ပေးမှသာ ခံဝန်ထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်သည် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လေးတို့ကို လစဥ် ငွေသိန်း ၅၀ ကျပ် စီရရှိအောင် ငွေကြေး အဓိကရှာဖွေပေးနေသူဖြစ်သည့်အတွက် စခန်းမှူး ညွန့်လှိုင်၏ ပြည်သူအပေါ် မတရားသည့် လုပ်ဆောင်ချက်များကို သိရှိသော်လည်း အထက်လူကြီးများက မသိချင်ယောင် ဆောင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article