25 C
Yangon

KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီး

Must read

KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၇

ပဲခူးတိုင်း၊ KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မူးမြို့နယ်/တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါး များကို KNU-မူးမြို့နယ်/တပ်ရင်း ၈ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတာဝန်ရှိသူများ ၊ (KNLA) တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့်အတူ ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF) တာဝန်ရှိ ခေါင်းဆောင်များ ဦးစီး၍ မူးယစ်ဆေးဝါးတိုက်ဖျက်ခေါင်းစဉ်ဖြင့် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများအနက် ဆေးခြောက်၊ ဆေးပြားများအပြင် အရက်သေစာများလည်းပါဝင်ခဲ့ပြီး ကာလတန်ကြေး စုစုပေါင်းသိန်း ၇၀၀ ကျော်ခန့်ရှိကြောင်း၊ လက်ရှိအချိန်တွင် KNU-မူးမြို့နယ်/တပ်ရင်း ၈ ဒေသအတွင်း မူးယစ်ဆေးဝါးများ ဝယ်ယူရောင်းချ သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်တားပြီး ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများကို KNU မှ ပြဌာန်းထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article