25 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၂၁ ဦး သေဆုံးကာ PDF ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၁ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်အချိန် မင်းတုန်းမြို့နယ်၊ ပြောင်းရွာရှိ အကြမ်းဖက်စစ်တပ် အ ထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ်၄တပ်ရင်း(Eagle Force)ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့(WOLF) မဟာမိတ်ပူးပေါင်း စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်ကော်၊ သဖန်ရောင်ရွာဘက်သို့ အင်အား ၄၀ ခန့် ဖြင့် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော် အင်းစိန်သည် တိုင်းပြည်နှင့် ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးသည်နှင့် တပြိုင်နက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ပူးပေါင်းစစ်ကြောင်းမှ ပြောင်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားက ပြန်လည် ပစ်ခတ်ခြင်းမရှိပဲ ပုန်းအောင်း နေခဲ့ကြောင်း သိရသည်။

“ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းမှာက အင်အား ၆၀ လောက်နဲ့တပ်စွဲထားတာ၊ အဲဒီတပ်စွဲထားတာ ကို လက်နက်ကြီးနဲ့ဝင်ပစ်တာ၊ ပြီးတော့ အဲဒီဘုန်းကြီးကျောင်းနေပဲ အင်အား ၄၀ လောက်နဲ့ ဝက် ကော်၊ သဖန်ရောင်ဘက်ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာပါ၊ အဲဒီမှာ ကျနော်တို့ ဘက်က ရဲဘော်တစ်ဦးကျတာ၊” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဧပြီလ ၂ ရက်နေ့တွင် စစ်အင်အား ၂၀ ခန့်စီးနင်းလိုက်ပါလာသော အကြမ်းဖက်စစ်ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ MA 11 ကျည် ဘောက်တစ်ခုနှင့် ၅ ဒသမ ၅၆ ကျည် ၂၃ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၆ ရက်နေ့ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ဝင်ရောက်လာ‌ သော အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် စားသောက် ကုန်များကို ခိုးယူ၍ မင်းတုန်းမြို့သို့ သွားရောက်ပို့ဆောင်ပြီး ညနေ ၃ နာရီအချိန် ပြောင်းကျေးရွာသို့ ပြန်ဝင်သွားသော အင်အား ၃၀ ခန့်ပါ ကားတစ်စီးကို ပြောင်ကျေးရွာအဝင်၌ အသင့်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းအနေဖြင့် ပြောင်းကျေးရွာအနီးတဝိုက်၌ နေရာယူထားပြီး ဝက်ကော်၊ ယင်းကောက်၊ ငကုန်း၊ ကံကြော ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့်လည်း ယနေ့အထိ ဆက်လက်တိုက်ပွဲဖြစ် ပွားလျက်ရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြည်သူ့ကာကွယ်ရေးတပ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article