25 C
Yangon

အုတ်ဖိုမြို့နယ်နှင့် စစ်ကွင်းမြို့တို့ တွင် စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်စုဆောင်းနိုင်ခြင်းမရှိ၍ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၂၀ ဦးခန့်ကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ်စုဆောင်းနိုင်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူ ၂၀ ဦးခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် စစ်သားနှင့် ရဲ အင်အား ၃၀ ခန့်က စစ်ကွင်းမြို့ အနောက်တာဆုံကို ဆင်းလာပြီး သာယာကုန်းအုပ်စု၊ ရွာမကျေးရွာ ကိုမင်းမင်းဆန်စက်ရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူ ၁၀ ဦးကျော်ကို ရိုက်နှက် ဖမ်းဆီး ဒူးထောက်ခိုင်းကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသူများ၏လက်ကိုခေါင်းပေါ်တင်ခိုင်းကာ သေနတ်ဒင်များဖြင့် ဝိုင်းထုပြီး ထိုးကြိတ်ကာ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ပြည်သူများမှာ တနာပိုလေးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးတင်ဦး၊ အသက် ၃၆ နှစ်အရွယ် ဦးတင်နိုင်စိုး၊ အသက် ၂၀ အရွယ် ကိုအောင်မျိုးနိုင်၊ တနာပိုကြီးရွာမှ အသက် ၄၀ အရွယ် ဦးထွန်းနိုင်၊ ရွာမရွာမှ လမ်းခင်းကျောက် ကားမောင်းသည့် အမည်မသိ ကားသမား ၁ ဦး၊ တောင်စလဲကုန်းရွာမှ အမည်မသိ ပြည်သူ ၁ ဦးနှင့် ကျန်ဖမ်းဆီးခံရသော ပြည်သူများ၏ နေရပ် လိပ်စာနှင့် အမည်များကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

စစ်ကွင်းမြို့တွင် ကျေးရွာနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေဖြင့် အကြမ်းဖက် စစ်တပ်က သတ်မှတ်ထားသည့် လူဦးရေပြည့်မီအောင် စုဆောင်းနိုင်ခြင်း မရှိသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လမ်းပေါ်ထိတက်၍ ပေါ်တာဆွဲမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကွင်းမြို့က ရဲ အပါအဝင် စစ်သား ၃၀ လောက်က စစ်ကွင်း အနောက်တာဆုံကို ဆင်းလာပြီး လမ်းသွားလမ်းလာ ပြည်သူ ၁၀ ဦးကျော်ကို ရိုက်နှက်ဖမ်းဆီးပြီးခေါ်သွားပါတယ်။ သူတို့တွေကို ဒူးထောက်ခိုင်း လက်ကိုခေါင်းပေါ်တင်ခိုင်း သေနတ်ဒင်နဲ့ထု ထိုးကြကြိတ်ကြပြီး ခေါ်သွားကြတာပါ။ စစ်ကွင်းမြို့ဘက်က ရွာတွေမှာ စစ်မှုထမ်းဖို့ လူမပြည့်လို့ ဖမ်းတာလို့ပြောတယ်။ အခုက သာယာဝတီခရိုင်ထဲမှာ အုပ်ကြီးတွေက လူစုတာအရမ်းမလုပ်ရဲဘူး။ သူတို့က လူစုပေးတာ နည်းတော့ စစ်ခွေးတွေက ကြုံသလိုပေါ်တာဆွဲနေတာ ရွာတွေ တော်တော်များများမှာက အုပ်ကြီးတွေက လူစုနေတာကြောင့် ရွာတွေဘက်မှာရှိတဲ့ ယောက်ျားလေးတွေ ပြေးနေကြရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အရှေ့ချောင်းဂွရွာမှ နွားကျောင်းနေသော ဆယ်ကျော်သက် ကလေးငယ် ၃ ဦးနှင့် စျေးဝယ်သွားသော လမ်းသွားလမ်းလာ လူငယ် ၂ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

“ပြောင်းကျေးရွာဘုန်းကြီးကျောင်းထဲမှာလည်း စစ်ခွေးတွေကရှိသေးတယ်၊ ကျနော်တို့ တပ်ဖွဲ့တွေက လည်းပြောင်းကျေးရွာနဲ့အနီးတဝိုက်မှာ နေရာယူထားတယ်၊ ဝက်ကော်၊ ယင်းကောက်၊ ငကုန်းဘက် က စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ၊ စစ်ခွေးတွေက ကျေးရွာတွေထဲဝင်မွှေပြီး ပြည်သူပိုင်ပစ္စည်းတွေခိုးပြီး မြို့ကို ကားနဲ့သယ်နေတာ” ဟု သရက်ခရိုင် အမှတ် – ၄ တပ်ရင်း EAGLE FORCE တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

ဓာတ်ပုံ – စစ်တပ်က စုဆောင်းထားသော လူငယ်များကို တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က စုဆောင်းထားသော လူငယ်များကို တွေ့ရစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article