25 C
Yangon

သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်း လူလာခေါ်သော စစ်ကောင်စီလေယာဉ်တွင် လူမပါဘဲ လှည့်ပြန်ရဟု ထိုင်းမီဒီယာများ ဖော်ပြ

Must read

ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ခေါ်ယူရေး အစီအစဉ် ဖျက်သိမ်းရ ဖွယ်ရှိဟုဆို

ရန်ကုန်၊ ဧပြီ ၈

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က ပြန် လည် လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်းခဲ့သော စစ်ကောင်စီလေယာဉ်များတွင် လူအလွတ်များဖြင့် သာ လှည့်ပျံသန်းသွားရဟု ထိုင်းမီဒီယာများက ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြကြသည်။

ယမန်နေ့ ညပိုင်း စစ်ကောင်စီစေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မဲဆောက်သို့ ရောက်ရှိလာခဲ့ပြီး ၁ နာရီအထိ KNU ဘက်က ပြန်လွှတ်ပေးမည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စောင့်ဆိုင်းခဲ့ကြောင်း ၊ သို့ရာတွင် မည်သူမှ လာရောက်ခြင်းမရှိသဖြင့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်သည် လူမပါဘဲ ရန်ကုန်သို့ ပြန်လည် ပျံသန်းသွားကြောင်း Mae Sot Media က သတင်းဖော်ပြသည်။

ထိုင်း ThaiPBS North သတင်းဌာနကလည်း ယမန်နေ့ညပိုင်း ATR 72-600 လေယာဉ်ဖြင့် မည်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုမှ ခေါ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဧပြီလ ၈ ရက်နေ့နှင့် ဧပြီလ ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရေး အရေးပေါ် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရဖွယ်ရှိနေကြောင်း ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရန်ကုန်မှ မဲဆောက်မြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 72-600 ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူရန် အကြမ်းဖက် စစ်ကောင်စီက ထိုင်းအစိုးရထံ ပန်ကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ယမန်နေ့ညပိုင်း မြန်မာစစ်တပ်၏ MNA လေယာဉ် ဆိုက်ရောက်စဉ် မဲဆောက်လေဆိပ်တွင် လူသူမရှိဘဲ တိတ်ဆိတ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သင်္ဃန်းညီနောင် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ရန်ကုန်-မဲဆောက် #စစ်ကောင်စီလေယာဉ် #ထိုင်းမီဒီယာများ

ယမန်နေ့ညပိုင်း မြန်မာစစ်တပ်၏ MNA လေယာဉ် ဆိုက်ရောက်စဉ် မဲဆောက်လေဆိပ်တွင် လူသူမရှိဘဲ တိတ်ဆိတ်နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article