25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်-မဲဆောက် ၃ ရက်တာ လေယာဉ် ခရီးစဉ် ပျံသန်းခွင့်ပြုဖို့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထိုင်းအစိုးရကို အရေးပေါ် မေတ္တာရပ်ခံခဲ့တယ်လို့ ထိုင်းသတင်းဌာန The Reporter က သတင်း ဖော်ပြထားပါတယ်။
  • မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မုဒုံ လေဆိပ်သစ် စီမံကိန်းကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ရောက်ရှိနေစဉ် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ KNDO တပ်ရင်း ၆ ဒရုန်းအဖွဲ့တာ၀န်ခံက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောပါတယ်။
  • မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်မှ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်အပါအဝင် ရပ်ကွက် အုတ်တံတိုင်းဟောင်း၊ ကျောက်တိုင်တွေ၊ သံဆူးကြိုးတွေကို စစ်တပ်က ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီး သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
  • ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က တိုင်းရဲတပ်ဖွဲ့မှူးနဲ့ ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး တို့ကို လစဥ် ငွေကျပ်သိန်း ၅၀ စီ ရှာဖွေပေးနေရ၍ ဘိုကလေးမြို့အဝင် စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article